သက်သတ်လွတ် - Vegetarian | ဟင်းသီးဟင်းရွက် - Vegetables | အကြော် - Fried

ဒန့်သလွန်ရွက် ၊ ရေမျှစ် နှင့် ဆူးပုတ်ရွက်ကြော် (သက်သတ်လွတ်)

August 6, 2016

ဒန့်သလွန်ရွက် ၊ ရေမျှစ် နှင့် ဆူးပုတ်ရွက်ကြော် (သက်သတ်လွတ်)

Share this on:

ပါဝင်ပစ္စည်းများ

  • ဒန့်သလွန်ရွက် (ခြွေထားပါ)
  • ဆူးပုတ်ရွက် (ခြွေထားပါ)
  • ရေမျှစ် - အနည်းငယ် (သေးသေး လှီးထားပါ)
  • ကြက်သွန်နီ - ၁ ဥ (ထူထူ လှီးထားပါ)
  • ကြက်သွန်ဖြူ - ၁ ဥ (အမွှာများကို အခွံခွာထားပါ)
  • ဆား - အနည်းငယ်
  • ဟင်းခပ်မှုန့် - အနည်းငယ်
  • ဆီ - အနည်းငယ်

ပြုလုပ်နည်း

  1. ခြွေထားသော ဆူးပုတ်ရွက် နှင့် ဒန့်သလွန်ရွက်များကို ရေဆေးရ်ျ စစ်ထားပါ ။
  2. သေးသေး လှီးထားသော ရေမျစ်ကု ရေထဲတွင် ဆား အနည်းငယ် ထည့်ပြီး စိမ်ထားပါ ။ ကြော်ကာနီးမှ ဆားရေထဲမှ ထုတ်ပါ ။
  3. အိုးထဲတွင် ဆီထည့်ရ်ျ ကြက်သွန်နီ နှင့် ကြက်သွန်ဖြူကို ဆီသပ်ပါ ။
  4. အနံ့မွှေးလာလျင် ဒန့်သလွန်ရွက်ကို အရင်ထည့်ပြီး ရေနွေး အနည်းငယ် ထည့်ပါ ။
  5. ပြီးလျင် ဆူးပုတ်ရွက်ကို ထည့်ရ်ျ ရောကြော်ပါ ။
  6. နောက်ဆုံးမှ ရေမျှစ်ကို ထည့်ပါ ။ နူးညံ့ရ်ျ နူးလွယ်သောကြောင့် ဖြစ်သည် ။
  7. ဆားနှင့် ဟင်းခပ်မှုန့် ထည့်ပါ ။
  8. အရွက်များ နူးလျင် အရသာ အပေါ့အငံမြည်းရ်ျ သုံးဆောင်နိုင်ပါပြီ ။
My Food Myanmar

Review

User Rating

0 (0 Votes)