ကရင် - Karen | ငပိ - Ngapi | ငပိရည်

(ဒမလိုက်) ကရင်ငပိရေကျို

June 2, 2016

(ဒမလိုက်) ကရင်ငပိရေကျို

Share this on:

(ဒမလိုက်) လို့ခေါ်တဲ့ ကရင် ငပိရေကျိုလေးပါ ။

ပါဝင်ပစ္စည်းများ

  • ငပိရည်  
  • ငါးခူ
  • ငရုတ်သီးစိမ်း
  • ကြက်သွန်နီ
  • ကြက်သွန်ဖြူ
  • အချိုမှုန့်
  • နနွင်းမုန့်
  • ဆပလင်  
  • ခရမ်းချည်သီး
  • ငရုတ်သီးစိမ်း

ပြင်ဆင်ပြုလုပ်နည်း

  1. ငပိရည်ကို ကျိုကျက်ရင် အရိုးစစ်ပြီး နောက်တစ်ကျိန် ကြိုက်နှစ်သက်ရာ ငါးကိုပါ ရောချက်တာပါ ။ ငါးခူနဲ့ လုပ်တာ များပါတယ် ။
  2. ငပိရည် ကျိုပြီး ငါးကျက်ရင် ငါးရဲ့ အသားလေးကို နွှာပြီး အရေ သက်သက် ၊ အသား သက်သက် ၊  ဖယ်ထား လိုက်ပါ ။
  3. ငရုတ်သီးစိမ်း၊ ကြက်သွန်နီ ၊ ကြက်သွန်ဖြူကို လှော်ပြီးရင် ထောင်း ၊အချိုမုန့်လေး နည်းနည်းထည့်ထောင်း ၊ညက်အောင်ထောင်ပြီးရင် နွှာထားတဲ့ ငါးအသားလေးပါ ရောထောင်းပါ ။
  4. ဖယ်ထားတဲ့ ငပိရည်ကို ဆူအောင် နောက်တစ်ခါ ပြန်ကျိုပြီး ၊ ဆူရင် ထာင်းထားတာလေးတွေထည့် ၊ ခဏလေး မွှေလိုက်ရုံနဲ့ မွေးကြိုင်တဲ့ ငပိရည်ကျို (ဒမလိုက်) လို့ခေါ်တဲ့ ကရင်ငပိရည်ကျိုလေးကို ရပါပြီ ။
  5. ငပိရည် ကျိုတဲ့ အခါ နနွင်းမုန့်နဲ့ ဆပလင်လေးပါ ထုပြီး ထည့်ပါ ။
  6. ခရမ်းချည်သီးနဲ့ ငရုတ်သီးစိမ်းကြို ပုတ်ပြီး ထောင်းထည့်လို့လည်း ရပါတယ် ။ လှော်ပြီး ထောင်းထည့်ရင်တော့ ပိုမွေးပါတယ် ။
  7. ကြိုက်နှစ်သက်တဲ့ တို့စရာများ နဲ့ စားသုံးပြီး ထမင်း အရမ်းမြိန်မှာပါ ။
Credit: Pan Moh Moh Han

Review

User Rating

3.9 (19 Votes)