လူကြီး၊ ကလေး ကြိုက်နှစ်သက်မည့် အချိုပွဲပါ။ အလှုပွဲ၊ မင်္ဂလာပွဲများတွင်လည်း ကျွေးရလည်းလှ၊ လွယ်ကူစွာလည်း လုပ်လို့ရမည့် အချိုပွဲပါ။ ရာသီဥတု ပူတဲ့ အချိန်မှာ စားရင်လည်း ဆွေမျိုးမေ့မဲ့ အချိုပွဲမျိုးပေါ့။

ပါဝင်ပစ္စည်းများ

  • စိန်တလုံး သရက်သီး
  • ပန်းသစ်တော်သီး
  • စပျစ်သီး
  • J Cup ရောင်စုံ ၃ ရောင်
  • ထူးရေခဲမုန့်
  • Dawn နို့စိမ်းစမ်း

ပြုလုပ်နည်း

၁။ စိန်တလုံး သရက်သီး ၊ ပန်းသစ်တော်သီး နှင့် J Cup J Cup ရောင်စုံ ၃ ရောင် ကိုအတုံး တုံးပြီး ဒိုမီနို ခွက်ရှည်ကြီး ထဲတွင် ထည့်ပါ ။

၂။ ပြီးလျင် စပျစ်သီး အလုံးလေးများကို ချွေထည့်ပါ။

၃။ ထို့နောက် dawnနို့စိမ်းစမ်းကို လောင်းထည့်ပြီး ၊ အပေါ်ဆုံးမှ ထူးရေခဲမုန့်ကို တင်ပါ။

၄။ စားသုံးရန် အစဉ်သင့် ဖြစ်ပါပြီ။

Credit: Pone Na Yait‎