အားလပ်ရက် နဲ့ ပိတ်ရက်တွေမှာ မိသားစုဝင်တွေနဲ့အတူ ပျော်ပျော်ပါးပါး အလွယ်တကူ လုပ်စားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။ လိုအပ်တဲ့ပစ္စည်းတွေကတော့

ပါဝင်ပစ္စည်းများ

ကြက်သား (အသား နှင့် အရိုး)

ဆန်ခေါက်ဆွဲ (ဆန်စီး သို့ ရှမ်းခေါက်ဆွဲအဖတ် ဆန်ဖွယ်)

ပဲပုတ်အနှစ်၊ နနွင်းမှုန့်

ခရမ်းချဉ်သီး၊ ကြက်သွန်ဖြူ

ငရုတ်သီး အရာင်တင်မှုန့်၊ ငြုပ်ကောင်း

မြေပဲ၊ နှမ်း

ကြက်သွန်မြိတ်၊ ကြာညှို့ (ပဲငံပြာရည် အပျစ်)

ဝက်ခေါက်ကြော်၊ ရှမ်းချဉ်

ပြုလုပ်နည်းကတော့

ကြက်ရိုးပြုတ် ကို ဟင်းချိုအဖြစ်သုံး ဆောင်ရန် ပြုတ်ထားပြီး ငြုပ်ကောင်းဖြူးထားပါ။ ဆန်ဖွယ် ရှမ်းခေါက်ဆွဲဖတ် များကို ရေစိမ်ထားပါ။ ဆန်စီးဆိုရင်တော့ ရေစိမ်ရန်မလိုပါ။

ကြက်သား ကို အတုံးလေးတွေတုံးထားပြီး မြေပဲ နှင့် နှမ်း ကို ထောင်းထားပါ။ ကြက်သွန်မြိတ် ကို လှီးထားပါ။ ခရမ်းချဉ်သီး ကို နုပ်နုပ်စင်းထားပါ။

ဆီပူလာလျှင် နနွင်းမှုန့်၊ ကြက်သွန်ဖြူ နှင့် ငရုပ်သီးအရာင်တင်မှုန့် တို့ကို အနံ့မွှေးလာသည်အထိ ဆီသတ်ပါ။ ပြီးလျှင် နုပ်နုပ်စင်းထားသော ခရမ်းချဉ်သီးထည့်ပါ။ ထို့နောက် ကြက်သားထည့်ပြီးမွှေပါ။ ကြက်သားအနည်းငယ်နူးလျှင် ပဲပုတ်အနှစ်ထည့်ပြီး ဆီပြန်လာသည်အထိချက်ပါ။

ခေါက်ဆွဲများ ကို ရေနွေးဖြင့် မိနစ်အနည်းငယ် ပြုတ်ပါ။ ပြီးလျှင် ပြုတ်ထားသောခေါက်ဆွဲများကို ပန်းကန်ထဲ ထည့်ပြီး ပဲပုတ်နှင့်ချက်ထားသော ကြက်သားဟင်းအနှစ်ကိုထည့်ပါ။ ထောင်းထားသော မြေပဲ နှင့် နှမ်း တို့ကို ဖြူးပြီး ကြာညှို့အနည်းငယ်ထည့်ပါ။ ပါးပါးလှီးထားသော ကြက်သွန်မြိတ်များ အုပ်ပြီး ရှမ်းချဉ်၊ ကြက်ရိုးဟင်းချို တို့နှင့် တွဲဖက်ပြီးစားသုံးနိုင်ပါပြီ။ ဝက်ခေါက်ကြော်ထည့်ပြီးလည်း စားသုံးနိုင်ပါတယ်။

Acecook