ရှမ်းအစားအစာ တမျိုး ဖြစ်ပါသည် ။

ပါဝင်ပစ္စည်းများ

ဝက်ခေါင်း – တစ်ချမ်း
ဝက်လက် – တစ်ခု
တရုတ်နံနံ
ခရမ်းချဉ်သီး (အစေ့ထုပ် ပါးပါးလှီးပြီး)
ပဲငံပြာရည်
သကြား
ဆား
ရသာမှုန့်
တယ်လီဖုန်းကျောက်ကျော တထုပ်သေး

ပြင်ဆင်ပြုလုပ်နည်း

ဝက်ခေါင်း တစ်ချမ်း ၊ ဝက်လက်တစ်ခုကို ပြုတ်ပါတယ်။  အရမ်းနူးအိနေစရာ မလိုပါဘူး။  နူးတယ်ဆိုယုံဘဲ ပြုတ်ပါတယ်။

ပြီးရင် ဝက်လက်ကို အရိုးနွှင်းထားပါ။ ခေါင်းကို ကြိုက်တဲ့အရွယ်အစား လှီးထားပါ။

အိုးတစ်လုံးထဲမှာ ဝက်ခေါင်း ၊ ဝက်လက် ၊ တရုတ်နံနံ ၊ ခရမ်းချဉ်သီး (အစေ့ထုပ် ပါးပါးလှီးပြီး) ၊ ပဲငံပြာရည်  ၊ သကြား ၊ ဆား ၊ ရသာမှုန့်ထည့်ပြီး တည်ပါ ။ ပွက်ပွက်ဆူရင် တယ်လီဖုန်းကျောက်ကျော တစ်ထုပ်သေး တစ်ထုပ်ရဲ့တစ်ဝက် ရေဖျော်ထည့်ပါ ။ အရည် နဲနဲပြစ်လာရင် ရပါပြီ ။ ခဲမယ့်ခွက်ထဲထည့်ပြီး အအေးခံပါ ။  ပြီးမှ ရေခဲသေတ္တာထဲ ထည့်ပြီး ခဲမှ ထုပ်လှီးပါ။

Credit: Thiri Wyntt Khin Than