နံနံပင်ကို မကြိုက်သူ များပါတယ်။ အနံ့ နံတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မကြိုက်ကြတာပါ။ တချို့ကလည်း သွေးတက်စေတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ မစားပါဘူး။ ဒါပေမယ့် မြန်မာလူမျိုးတွေရဲ့ မုန့်ဟင်းခါးကိုတော့ နံနံပင် မပါဘဲ စားရင် တစ်ခုခု လိုနေသလို ခံစားရပါလိမ့်မယ်။ နံနံပင်ကို မြန်မာပြည်မှာတော့ အသုပ်၊ မုန့်ဟင်းခါးနဲ့ တခြား မုန့်ပဲသရေစာတွေမှာ ထည့်စားတဲ့ အရွက်အဖြစ် သုံးကြပါတယ်။ ဟင်းချက်တဲ့ အခါ အနံ့မွှေးစေဖို့ နံနံပင်လေး အုပ်ပြီး ချက်စားကြသလို ငပိရည်နဲ့လည်း တို့စားကြပါတယ်။

သင် ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ နံနံပင်မှာတော့ လူတွေကို ကောင်းကျိုးပေးနိုင်တဲ့ အစွမ်းတွေ ရှိနေပါတယ်။


‌ေ
၁။ နံနံပင်မှာ ကယ်လိုရီပါဝင်မှု နည်းပါးပြီး ကိုလက်စထရော ပါဝင်မှု လုံးဝမရှိပါဘူး။ အစိမ်းရောင်ရှိတဲ့ အရွက်ဖြစ်တာကြောင့် တခြားအရွက်တွေ နည်းတူ Antioxidants ပါဝင်မှု များပြီး

ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အဆီၤ၊ ဗီတာမင်နဲ့ အမျှင်ဓာတ်တွေ ပါဝင်ပါတယ်။ ဒါကြောင့် သွေးထဲမှာရှိတဲ့ မကောင်းတဲ့ ကိုလက်စထရောတွေကို လျော့ချပေးဖို့ ကူညီနိုင်ပါတယ်။

၂။ ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်၊ မက်ကနိ၊ အိုင်ယွန်းနဲ့ မက်ကနီဆီယမ်တို့ ပါဝင်ပါတယ်။ ပိုတက်ဆီယမ်ဟာ ကိုယ်ထဲက အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး နှလုံးခုန်နှုန်းနဲ့

အဆုတ်ကင်ဆာနဲ့ ခံတွင်းကင်ဆာဖြစ်ပွားမှုကို ကာကွယ်ပေးမဲ့ နံနံပင်ရဲ့ အကျိုးကျေးဇူးတွေ

သွေးဖိအားတွေကို ပုံမှန်ဖြစ်စေဖို့ကူညီပေးပါတယ်။ သံဓာတ်ဟာ သွေးနီဥတွေ ထုတ်ပေးဖို့ အဓိက လိုအပ်တဲ့ ဓာတ်တစ်မျိုးဖြစ်ပြီး မက်ကနိဟာလည်း အစာကြေစနစ်ကို ထောက်ပံ့ပေးနိုင်ပါတယ်။

၃။ နံနံပင်မှာ ဗီတာမင် အုပ်စုတွေ ပါဝင်တဲ့ အတွက် ကိုယ်ခံစွမ်းအားကို မြင့်တက်စေပါတယ်။

၄။ နံနံပင်မှာ ပါဝင်တဲ့ ဗီတာမင် ကေ ဟာ အရိုးတွေ တည်ဆောက်ပုံကို ကောင်းမွန်စေဖို့ ကူညီနိုင်ပြီး အယ်လ်ဇိုင်းမား အဖြစ်စောခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

၅။ ဗီတာမင်အေကတော့ အဆုတ်နဲ့ လေချောင်းကင်ဆာ ဖြစ်ခြင်းတို့ကို လျော့ချပေးနိုင်တဲ့ အစွမ်း ရှိပါတယ်။

၆။ နံနံပင်ကို ကျောက်ကပ် သန့်စင်စေဖို့ အသုံးပြုလို့ရပါတယ်။ ဆီးလမ်းကြောင်းကို ကောင်းမွန်စေပြီး ကျောက်ကပ်ထဲက အဆိပ်တွေကို စွန့်ထုတ်ပေးပါတယ်။

Credit: wholenewmom.com