Recipes | အကြော် - Fried

နှမ်းဆီမွှေး ကိုက်လန် ခရုဆီကြော်

February 5, 2016

နှမ်းဆီမွှေး ကိုက်လန် ခရုဆီကြော်

Share this on:

ပါဝင်ပစ္စည်းများ

  • ကိုက်လန် - ၁စည်း
  • ဂျင်း - အနည်းငယ်(သေးသေးအမျှင်လှီးထားပါ)
  • ကြက်သွန်ဖြူ - ၅ မွှာ (နုတ်နုတ်စဉ်းထားပါ)
  • ခရုဆီ -၂ ဟင်းစားဇွန်း
  • ပဲငံပြာရည် အကြည် - ၁ ဟင်းစားဇွန်း
  • ဆား -အနည်းငယ်
  • ဆီ - အနည်းငယ်
  • နှမ်းဆီမွှေး - အနည်းငယ်
  • ရေ - အနည်းငယ်

ပြင်ဆင်ပြုလုပ်နည်း

  1. ကိုက်လန်များကို အရွက်ကြမ်း၊ အရိုးရင့်များ ဖယ်ထုပ်ပြီး ဆားအနည်းငယ်ဖြင့် ရေစိမ်ပြီး ရေစစ် ထားပါ။
  2. ရေနွေးဆူဆူမှာ ဆားအနည်းငယ်ထည့် ကိုက်လန်အရွက်လေးနှင့် အရိုးများကို သပ်သပ်စီ ခဏပြုတ်ကာ ရေအေးအေးမှာ စိမ်ထားပြီး ရေစစ်ထားပါ။
  3. ဒယ်ထဲ ဆီအနည်းငယ်ထည့် ဂျင်း၊ ကြက်သွန်ဖြူလေးများ မွှေးလာအောင် ကြော်ပြီး တစ်ဝက်ကို ဆီစစ်ပြီး ဆယ်ယူထားပါ။  
  4. ကျန်တစ်ဝက်ထဲသို့ ခရုဆီ၊ ပဲငံပြာရည်၊ နှမ်းဆီမွှေး အနည်းငယ်ထည့်၊ ရေအနည်းငယ်ထည့် ပြီးလျှင် ကိုက်လန်လေးများထည့် တစ်ချက် နှစ်ချက် မွှေပေးပြီးလျှင် ရပါပြီ။
  5. ဆယ်ယူထားသောဂျင်း၊ ကြက်သွန်ဖြူလေးများ အပေါ်မှဖြူးပြီး ပူပူနွေးနွေး အရိုးလေးများ ကြွပ်ကြွပ်နှင့် အရသာ ရှိလှပါတယ်။
  6. ရေစစ်ထားသော ကိုက်လန်ရွက်လေးများကို ပန်းကန်ထဲ ထည့်ကာ ဆီသက်ထားသည်များ လောင်း ထည့်၍လည်း စားသုံးနိုင်ပါတယ်။
Credit: Soe's Cooking Collection

Review

User Rating

0 (0 Votes)