နှမ်းဖတ်ချဉ်ကြော်

Share this on:

နှမ်းဖတ်ချဉ်ကို သုတ်ရ်ျ လည်းကောင်း ၊ ကြော်ရ်ျလည်းကောင်း စားကြပါသည် ။  ကြော်စားလျင်က ဗိုက်ပျက်ခြင်း ဗိုက်နာခြင်း မဖြစ်နိုင်ပါ ။

ပါဝင်ပစ္စည်းများ

  • နှမ်းဖတ်ချဉ် - ၁၅ ကျပ်သား
  • ကြက်သွန်နီဥအသေး - ၂ ဥ (ထူထူ လှီးထားပါ)
  • ကြက်သွန်ဖြူ - ၁ ဥ (ထူထူ လှီးထားပါ)
  • အချိုမှုန့် - အနည်းငယ်
  • ဆီ - ၂ကျပ်ခွဲသား
  • ဆား - အနည်းငယ်
  • ငရုတ်သီးစိမ်း - ၃ တောင့် (လှီးထားပါ)
  • နံနံပင် - အနည်းငယ် (လှီးထားပါ)

ပြုလုပ်နည်း

  1. ဒယ်အိုးထဲတွင် ဆီထည့်ရ်ျ ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ကို ဆီသတ်ပါ ။
  2. ပြီးလျင် နှမ်းဖတ်ချဉ် ကိုထည့်ရ်ျ ကြော်ပါ ။
  3. ပြီးလျင် ဆား ၊ အချိုမှုန့်တို့ကို ထည့်ရ်ျ အရသာ အပေါ့အငန် မြည်းပြီးလျင် ငရုတ်သီးစိမ်း ၊ နံနံပင်တို့ကို ဖြူးပြီး သုံးဆောင်နိုင်ပါပြီ ။
My Food Myanmar

Review

User Rating

5 (2 Votes)