နူးညံ့စိုပြည် ပင်မှည့်သီးက ပေးတဲ့ အသားအရေ

၂၁ရာစုမှာ အလှအပနဲ့ ပတ်သက်ပြီး နူးညံ့စိုပြည်တဲ့ အသားအရေ ရရှိစေဖို့ အဓိကထား အသုံးပြုကြတာက သဘာဝ အသီးအနှံလေးတွေပါ။ သဘာဝ အသီးအနှံတွေမှာ ရှိတဲ့ အကျိုးပြု အာဟာရဓာတ်တွေက ဘေးထက် ဆိုးကျိုးနည်းပြီး ကျန်းမာစိုပြည်လှပတဲ့ အသားအရေကို အံ့သြလောက်အောင် ဖော်ဆောင်ပေး နိုင်တယ်လေ ။

ဗီတာမင်နဲ့ ဓာတ်တိုး ဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝတဲ့ သဘာဝ အသီးအနှံလေးတွေနဲ့ အလှအပ ရေးရာ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်လို့ ဈေးကွက်မှာ သဘာဝ သီးနှံ အခြေခံ ထုတ်လုပ်ထားတဲ့ အလှကုန်တွေ ကလည်း အလှအပ မြတ်နိုးသူတွေကြား ရေပန်းစားလို့ နေလေရဲ့ ။

အံ့ဖွယ် အစွမ်းသတ္တိတွေနဲ့ အလှအပအကျိုး ရလဒ်တွေကို ဖော်ဆောင်ပေးမယ့် Passion Fruit ခေါ် ချစ်ခြင်းမေတ္တာတွေကို ဆောင်ယူပေးမယ့် အသီးလေး ကတော့ ပင်မှည့်သီး လေးပေါ့ ။

ပင်မှည့်သီးက ဖော်ကျူးပေးတဲ့ အလှတရားများ

မြန်မာနိုင်ငံနဲ့ အပူပိုင်းဒေသ၊ သမပိုင်းဒေသတွေ မှာ ပေါပေါများများ ရှာတွေ့နိုင်မယ့် ပင်မှည့်သီးလေး တွေက အရွယ်တင် နုပျိုပြီး နူးညံ့စိုပြည်တဲ့ အသား အရေကို ဖော်ဆောင်ပေးနိုင်တယ်ဆိုတာ သင်သိပါသလား ။ နွေရာသီ နေပူပူမှာ ရင်ကိုအေးမြစေတဲ့ ပင်မှည့်သီးဖျော်ရည်က သင့်အသားအရေကို လန်းဆန်းနုပျိုစေတဲ့ အစွမ်းတွေရှိတယ်နော် ။

၁။ အရေးအကြောင်းတွေ ကင်းပြီး အရွယ်တင် နုပျို စေတယ် ။

ချိုမြပြီး ရနံ့မွှေးတဲ့ ပင်မှည့်သီးမှာ အသားအရေကို အိုမင်း ရင့်ရော်စေတဲ့ Free radical တွေကို တိုက်ဖျက် ကာကွယ်ပေးမယ့် ဗီတာမင်စီဓာတ် ကြွယ်ဝစွာ ပါဝင်ပါ တယ် ။ ဗီတာမင်စီက အသားအရေကို အရွယ်မတိုင်မီ အိုမင်း ရင့်ရော်ခြင်းမှ ကာကွယ်ပေးပြီး နုပျိုလန်းဆန်း စေတဲ့ အစွမ်းရှိပါတယ် ။

အသက်အရွယ်ကြောင့် ဖြစ်ပေါ်လာတဲ့ အရေးအကြောင်းတွေနဲ့ အသားအရေတွန့်တာတွေကို ပင်မှည့်သီးအနှစ်ရည်က ထိရောက်စွာ လျော့ပါးသက်သာစေနိုင်တယ်နော် ။

၂။ သန်စွမ်းထူထဲ နက်မှောင် လှပတဲ့ ကေသာ အလှကို ဆောင်ယူပေးပါတယ် ။

ကျန်းမာသန်စွမ်းပြီး နက်မှောင်တောက်ပြောင်တဲ့ ဆံကေသာ အလှကို ရရှိလိုရင်တော့ ဆံသား အရင်းအမြစ်နဲ့ မွေးညင်းအိတ်တွေ အတွက် လိုအပ်တဲ့ အာဟာရဓာတ် တွေကို ဖြည့်တင်းပေးနိုင်ဖို့ လိုအပ်ပါတယ် ။ အာဟာရဓာတ်တွေနဲ့ ဆံသားအတွက် လိုအပ်တဲ့ အရာတွေကို ဖြည့်ဆည်းပေးနိုင်တဲ့ ပင်မှည့်သီးအစွမ်း ကလည်း အံ့မခန်း ပါပဲ ။

ပင်မှည့်သီးမှာ ဆံသား အကျိုးပြုတဲ့ ဗီတာမင်အေ၊ ဗီတာမင် B 2 & B 6 ၊ ဗီတာမင်စီနဲ့ ပိုတက်စီယမ်၊ ကော့ပါးဓာတ် အစရှိတဲ့ အကျိုးပြု အာဟာရဓာတ် တွေ ပါဝင်လို့ ဆံသားကို သန်စွမ်းလှပ နက်မှောင် တောက်ပြောင်စေပါတယ် ။ ဆံပင် ကျွတ်လွန်းခြင်းနဲ့ ဆံသားပါးတဲ့ ပြဿနာတွေကို ပင်မှည့်သီးက ကောင်းကောင်းကြီး ကာကွယ်ပေးနိုင်တယ်နော် ။

၃။ အဆီ ပိုကင်းတဲ့ ကျစ်လျစ်သွယ်လှ ခန္ဓာကိုယ် အလှကို ပေးစွမ်းနိုင်ပါတယ် ။

ဗီတာမင်စီ ကြွယ်ဝတဲ့ ပင်မှည့်သီးဟာ ကယ်လိုရီ ပမာဏနည်းပါးစွာ ပါဝင်တာမို့ အဝလွန်နေသူတွေ အတွက် ကျစ်လျစ် သွယ်လျတဲ့ ခန္ဓာကိုယ် အလှရရှိအောင် ကူညီပေးနိုင်တယ်နော် ။ သဘာဝ သကြားဓာတ်နဲ့ ကာဗွန်ဟိုက်ဒြိတ်တွေ ပါဝင်လို့ မနက်စောစောမှာ ပင်မှည့်သီး Fresh Juice တစ်ခွက် မှန်မှန်သောက် ပေးမယ် ဆိုရင် လန်းဆန်းတက်ကြွပြီး အားအင်ပြည့်ဝစွာ နဲ့ တစ်နေ့တာကို ဖြတ်သန်းနိုင်မှာ အသေအချာပေါ့ ။

ကယ်လိုရီ ပါဝင်မှု နည်းတဲ့အတွက် ခန္ဓာကိုယ် အလေးချိန် လျော့ကျပြီး ကျစ်လျစ်သွယ်လျတဲ့ Slim Body လေးကိုလည်း ပိုင်ဆိုင်နိုင်ပါပြီ ။

ကြည်လင်တောက်ပတဲ့ မျက်ဝန်းအလှကို ပေးပါ တယ် ။

ပင်မှည့်သီးမှာ ပါဝင်တဲ့ Beta caroteneက ကြည်လင်တောက်ပတဲ့ မျက်ဝန်းအလှကို ဖော်ဆောင် ပေးတဲ့အပြင် အမြင်အာရုံကိုလည်း ကောင်းစေပါတယ်။ တောက်ပရွှန်းစိုတဲ့ မျက်ဝန်းအလှကို လိုချင်ရင်တော့ ပင်မှည့်သီးဖျော်ရည်ကို မှန်မှန်သောက်နော် ။

ပင်မှည့်သီးနဲ့ အလှပြင်မယ် ။

သဘာဝ ပင်မှည့်သီးကို သုံးပြီး သင့်အသားအရေနဲ့ ဆံသားလှပအောင် အလှပြင်နိုင်ပါတယ် ။ ပထမဆုံး လှပကြည်လင်တဲ့ မျက်နှာအသားအရေ ရရှိစေဖို့ ပင်မှည့်သီး မျက်နှာပေါင်းတင်ဆေးကို သုံးကြည့်ရ အောင် ။ ပင်မှည့်သီးကို ထက်ခြမ်းခွဲပြီး ပင်မှည့်သီးအနှစ်ကို ယူပါ ။ ပင်မှည့်သီးအနှစ်ကို သန့်စင်ဆေးကြောထားတဲ့ မျက်နှာ အသားအရေပေါ်မှာ သုတ်လိမ်းပြီး ၁၅ မိနစ်ခန့်ထားကာ ရေဖြင့် သန့်စင်ဆေးကြောပေးပါ ။

ပြီးရင်တော့ မျက်နှာကို သဘက်၊ ပဝါတို့နဲ့ မသုတ်ဘဲ ဒီအတိုင်း ခြောက်သွေ့ ပါစေ ။ ရလဒ်အနေနဲ့ ဓာတ်တိုး ဖြစ်စဉ်တွေကို ကာကွယ်ပေးပြီး Free radial တွေကို တိုက်ထုတ်ပေးတဲ့အတွက် အိုမင်း ရင့်ရော်ခြင်း ကင်းတဲ့ နုပျို စိုပြည် လှပတဲ့ အသားအရေကို ဖော်ဆောင်ပေးပါတယ် ။

ဒါ့အပြင် ပင်မှည့်သီးအရည်မှာ ပါတဲ့ အစိုဓာတ်နဲ့ အာဟာရတွေက စိုပြည် လှပပြီး ကြည်လင် လန်းဆန်းတဲ့ အသားအရေကို ဖန်ဆင်းပေးတယ်လေ ။

မျက်နှာပေါ်က ဆဲလ်သေတွေနဲ့ အညစ်အကြေးတွေကို ဖယ်ရှားဖို့အတွက်ကတော့ ပင်မှည့်သီးအနှစ်နဲ့ ပျားရည်၊ အုတ်ဂျုံအမှုန့်တို့ကို အသုံးပြုပြီး အိမ်တွင်း မျက်နှာ ပေါင်းတင်ဆေးကို ပြုလုပ်နိုင်ပါတယ် ။

ဗီတာမင် အေနဲ့ ဗီတာမင်စီ ကြွယ်ဝစွာ ပါဝင်တဲ့ ပင်မှည့်သီးအနှစ် တစ်ဇွန်းစာကို ပျားရည် ဇွန်းတစ်ဝက်နဲ့ အုတ်ဂျုံအမှုန့် တစ်ဇွန်းစာတို့နဲ့ ရောမွှေကာ သန့်စင်ဆေးကြောထားတဲ့ မျက်နှာပေါ်မှာ သုတ်လိမ်းပြီး ၁၅ မိနစ်ခန့် ထား ထားလိုက်ပါ ။

မျက်နှာ အသားအရေပေါ်မှာ ရှိတဲ့ ဆဲလ်သေတွေနဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးပြီး အသားအရေ ဆဲလ်အသစ် ဖြစ်ပေါ်မှုကို အားပေးတယ် လေ။ ၁၅ မိနစ်ခန့် ထားပြီးရင်တော့ ရေများများနဲ့ သန့်စင်သွားအောင် ဆေးကြောပြီးတဲ့အခါ နူးညံ့စိုပြည် ပြီး တောက်ပကြည်လင်တဲ့ အသားအရေအလှကို သင်ပိုင်ဆိုင်နိုင်ပြီပေါ့ ။

Credit:
Htut Thinzar

မှတ်စု

Beauty Secrets Magazine No – 17