Recipes

ပင်လယ်စာနှင့် စားတဲ့ အချဉ်ရေ (Seafood Dipping Sauce)

March 8, 2016

ပင်လယ်စာနှင့် စားတဲ့ အချဉ်ရေ (Seafood Dipping Sauce)

Share this on:

အခုရေးပေးမယ့် ဆောစ့်လုပ်နည်းလေးက အရမ်းကိုလွယ်ကူပါတယ်။ သူ့ကို ပင်လယ်စာအကင်မျိုးစုံအပြင်
အသားကင်မျိုးစုံနဲ့လည်း တွဲဖက်စားလို့ရပါတယ်။

လိုအပ်သောပစ္စည်းများ

  • နံနံပင် - ၁ စည်း
  • သံပုရာသီး - ၂ လုံး
  • ငရုတ်သီးစိမ်း အတောင့် - ၂၀ခန့်
  • ရှာလကာရည် - လက်ဖက်ရည်ဇွန်း ၃ ဇွန်း
  • ယိုးဒယားငံပြာရည် - ထမင်းစားဇွန်း ၂ ဇွန်း
  • ဆား - အနည်းငယ်
  • ကြက်သွန်ဖြူ - ၅ မွှာ သေးရင် ၁ ဥ
  • သကြားညို - လက်ဖက်ရည်ဇွန်း ၁ဇွန်း

ပြုလုပ်နည်း

  1. ရေစင်အောင် ဆေးထားတဲ့ ကြက်သွန်ဖြူ ၊ ငရုတ်သီးစိမ်းများကို ညက်အောင်ထောင်းပါ ။
  2. နံနံပင်များကို အရိုးရော အရွက်ရော ခပ်နုပ်နုပ်စင်းပါ ။
  3. ပြီးလျှင် အားလုံးရောပြီး အရသာများ ထည့်ပါ ။
  4. ရေကျက်အေး အနည်းငယ် ရောပါ ။
  5. ရှာလကာရည် ထည့်ပါ ။
  6. သမအောင်မွှေပြီး စားလို့ရပါပြီ ။
  7. ပူစီနံကြိုက်ရင် ပူစီနံရွက်လေးများကို ပါးပါးလှီးထည့်ထောင်းထည့်ပါကလည်း ပိုမွှေးပါတယ်နော် ။ အပေါ့အငံ အချိုအစပ် စတဲ့ အရသာတွေကိုလည်း မိမိကြိုက်နှစ်သက်သလို အချိုးအဆနဲ့ ထည့်လို့ရပါတယ် ။
Credit: Warr Tee

Review

User Rating

0 (0 Votes)