ပင်လယ်စာ - Sea Food | အပေါင်း - Steamed | ပြည်ကြီးငါး - Squid

ပင်လယ်စာပေါင်းနှင့် ချဉ်စပ်ဆော့စ်

May 17, 2016

ပင်လယ်စာပေါင်းနှင့် ချဉ်စပ်ဆော့စ်

Share this on:

ပါဝင်ပစ္စည်းများ

  • ကင်းမွန်ငါး - ၂ ကောင်
  • ပုစွန်လတ် - ၃ ကောင်
  • ဂျယ်လီငါး - ၂ လွှာ
  • ငါးဖယ်လုံး - ၃ လုံး
  • ငါးအသားလွှာ - ၃ ချပ်
  • စပါးလင် - ၂ ပင်
  • ကြက်သွန်ဖြူ - ၃ တက်
  • နံနံပင်အမြစ် - ၂ ခု

ပြင်ဆင်ပြုလုပ်နည်း

  1. ပင်လယ်စာတွေကို ရေဆေးသန့်စင်ပြီး အအေးခန်းမှာ ခေတ္တထားပါ ။
  2. ချဉ်စပ်ဆော့ရည်အတွက် ငရုတ်သီးစိမ်း ၊ ကြက်သွန်ဖြူ ၊ နံနံပင်အမြစ်တို့ကို နုပ်နုပ်စဉ်းပါ ။ (စက်နှင့်ကြိတ်ခြင်းကိုရှောင်ကြဉ်ပါ)
  3. အိုးငယ်တစ်လုံးမှာသံပုရာရည် ၊ ငါးငံပြာရည်တို့နင့် အတူ သကြားကို ပျော်ဝင်သည်အထိ အပူပေးပါ ။ သကြားတွေ ပျော်ဝင်သွားပြီဆိုမှ နုပ်နုပ်စဉ်းထားတဲ့ ငရုတ်သီး ၊ ကြက်သွန်ဖြူ ၊ နံနံပင်အရောတို့ကို ထည့်ပြီး ကျိုပေးပါ ။ ဟင်းချက်ဝိုင်နှင့် နှမ်းဆီမွှေးအနည်းငယ်ဖြင့် ဖြည့်စွက်ပါ ။  ချဉ်စပ်ဆော့စ်ရည်ကို အအေးခံထားပါ ။
  4. ဇလုံတစ်ခုအတွင်းမှာ စပါးလင်ဓားပြားရိုက် ၊ ကြက်သွန်ဖြူဓားပြားရိုက်တို့နှင့်အတူ ပင်လယ်စာတွေကို ရေမွှေပြီး သံပုရာသီးတစ်စိတ်လောက် ညှစ်ထည့်ပါ ။  ကင်းမွန်ငါးကို ဓားလေးနဲ့မွှန်းပြီး အလှဆင်ပေးပါ ။
  5. ပေါင်းအိုးအတွင်းမှာ (၁၀)မိနစ်ခန့် ပေါင်းပေးပါ ။ စပါးလင် ၊ ကြက်သွန်ဖြူအဖတ်တွေကို ဖယ်ထုတ်ပြီး တည်ခင်းမယ့် ပန်းကန်မှာ ပြင်ဆင်ထားပါ ။   ပေါင်းရည်တွေ များနေပါက အနည်းငယ်ချန်လှပ်ထားခဲ့ပြီး အအေးခံထားတဲ့ ချဉ်စပ်ဆော့စ်ရည်ကို   လောင်းချပေးပါ ။  နံနံပင် ၊ သံပုရာသီးစိတ် ၊ ဘဲဥအငံပြုတ်တို့ဖြင့် အလှဆင်ပေးပါ ။
ချဉ်စပ် ဆော့စ်အတွက်

  • ငရုတ်သီးစိမ်း                    ၅ တောင့်
  • ကြက်သွန်ဖြူ                     ၃ တက်
  • သံပုရာရည်                       ၃ ဇွန်း
  • ငါးငံပြာရည်                      ၂ ဇွန်း
  • သကြား                            ၁ ဇွန်း

    Credit: ဟင်းချက်နည်းများ
  • Review

    User Rating

    4.3 (3 Votes)