ပင်လယ်စာ - Sea Food | ဟင်းရည် - Soups

ပင်လယ်စာ ချဉ်စပ်ဟင်းရည် (Hot & Spicy Sea Food Soup)

April 27, 2016

ပင်လယ်စာ ချဉ်စပ်ဟင်းရည် (Hot & Spicy Sea Food Soup)

Share this on:

ပါဝင်ပစ္စည်းများ

  • ပင်လယ်စာ (ရောရာ) - ၆၀ ကျပ်သား
  • စွတ်ပြုပ်ပာင်းရည် - ၃ လီတာ
  • ကြက်သွန်နီ - ၃ လုံး (လေးစိတ်ခွဲ)
  • ခရမ်းချဉ်သီး - ၃ (လေးစိတ်ခွဲ)
  • စပါးလင် - ချာင်း (အဖြူရောင်သာ ပါးပါးလှီး)
  • ဂျင်း - ၁တက် (ပါးပါးလှီး)
  • ကောက်ရိုးမှို (သို့) ငွေနှင်းမှို - အနည်းငယ်
  • ရှမ်းနံနံ
  • တောရှောက်ခါးရွက်
  • ငရုတ်သီးစိမ်းတောင့်

ပြင်ဆင်ပြုလုပ်နည်း

  1. ကြက်ရိုးကို ကြည်လင်သော ပာင်းရည်ရအောင် ပြုတ်ပါ ။  (ကြည်လင်စေရန် အမြှုပ်များကို ခပ်ထုပ်ပစ်ပါ ။)
  2. မိမိဆေးကြော သန့်စင်ထားသော ပင်လယ်စာများကို ရေနွေး ဆူဆူတွင် သံပုရာသီး ၁စိတ် ၊ တရုတ်နံနံ ထည့်ပြီး   ခေတ္တရေနွေး ဖျောပေးပါ ။ (သွေးရည်နှင့်အကျိအချွဲများ ထွက်သွားစေရန်) ရေအေးဖြင့်ဆေးပြီး ရေစစ်ပါ ။ ပါဝင်ပစ္စည်းများကို လိုအပ်သလို လှီးဖြတ် သန့်စင်ထားပါ ။
  3. အားလုံး အရန်သင့် ဖြစ်ရင်တော့ စချက်ပါမယ် ။ ပထမဆုံး ကြည်လင်သော ကြက်ရိုးပြုတ်ရည်ထဲသို့ ကြက်သွန်နီလေးစိတ်နှင့် စပါးလင် ၊ ပဒဲကော ၊ ဂျင်း ၊ တောရှောက်ခါးရွက်ကို ထည့်ပြုတ်ပါ ။
  4. အရသာအဖြစ် ကြက်သားမှုန့် ၊ ပာင်းချိုမှုန့် (သုံးတတ်ပါက) ၊ ငါးငံပြာရည် ၊ သကြားတို့ဖြင့် ဖြည့်စွက်ပါ ။
  5. ပာင်းရည်တစ်ခါဆူပွက်လာလျှင် သန့်စင်ထားသော မှိုကိုထည့်ပါ ။ မှိုထည့်ပြီး နောက်တစ်ခါ ထပ်ဆူပွက် လာလျှင် မီးပြင်းကို လျှော့ချပါ ။  (မီးပြင်းပြင်းနှင့်ထားလျှင် မိမိချက်သော ပာင်းရည် နောက်ကျိသွားနိုင်ပါသည် ။)
  6. ရေနွေးဖျောထားသော ပင်လယ်စာတွေကို ထည့်ပေါင်းပါ ။ ထိုအချိန်တွင် ငရုတ်သီးစိမ်းကို ဓါးပြား ရိုက်ထည့်ပြီး သံပုရာရည် (သို့) ရှောက်ရည် (အသီးကို ညှစ်ထည့်ပါက ပိုမိုကောင်းမွန်)။ ချဉ် ၊ ငံ ၊ စပ်အရသာကိုတော့ မိမိနှစ်သက် သလို ထည့်ပါ ။
  7. မိမိစားသုံး (သို့) ဧည့်ခံကာနီးမှ ခရမ်းချဉ်သီး လေးစိတ်ခွဲနဲ့ ရှမ်းနံနံ ပါးပါးလှီး ( ကြိုက်နှစ်သက်ပါက နံနံပင်လေးပါ ။) ထည့် သုံးဆောင်နိုင် ကြပါတယ် ။
Credit: ဟင်းချက်နည်းများ

Review

User Rating

5 (1 Votes)