ကြက်ဟင်းခါးသီးဆိုရင် အဖုအထစ်တွေနဲ့ ခါးသက်သက်အရသာကို အရင်မြင်ကြပါတယ်။ ကြိုက်တဲ့လူနဲ့ မကြိုက်တဲ့လူကတော့ ၅၀-၅၀ ရှိတယ် ပြောရပါမယ်။ အချို့ကလည်း သူ့အခါးလေးကိုမှ ကြိုက်တယ်ဆိုတာမျိုးရှိသလို အချို့ကလည်း ခါးလို့ မစားပါဘူး။ ကြက်ဟင်းခါးသီးကို အမေရိကအလယ်ပိုင်း၊ တောင်ပိုင်း၊ အာဖရိကနဲ့အာရှတို့မှာ တွေ့နိုင်ပြီး မြန်မာပြည်မှာတော့ မြေပြန့်ဒေသတွေမှာ တွေ့ရတတ်ပါတယ်။

ကြက်ဟင်းခါးသီးဟာ အာရဟာဓာတ်နဲ့ ဗီတာမင်တွေ ကြွယ်ဝတဲ့ အသီးတစ်မျိုးဖြစ်ပြီး သူ့မှာ B1,B2,B3 , Vitamin C, ဖောလစ်အက်ဆစ်၊ ဇင့်၊ ဖော့စဖရပ်စ်၊ အမျှင်ဓာတ်၊ သံဓာတ်၊ ကယ်လ်ဆီယမ်၊ ပိုတက်စီယံတို့ ပါဝင်ပါတယ်။ ကြက်ဟင်းခါးသီးကို အစိမ်းရောင် အခြေအနေမှာ စားပေးတာ အသင့်တော်ဆုံးပါပဲ အခါးအခြေအနေ အနေတော်ဖြစ်ပြီး အစေ့ထုတ် ဖျော်ရည်သောက်ရင်လည်းရသလို ချက်စား ကြော်စားရင်တဲ့ အဆင်ပြေပါတယ်။

ကြက်ဟင်းခါးသီးကို အခါးဓာတ် သက်သာအောင် ကြက်ဟင်းခါးသီးကို လှီးပြီး ဆန်ဆေးရည်မှာ ဆားအနည်းငယ်ထည့်ပြီး ၁၀မိနစ်လောက်စိမ်ထားပေးပါ။ ပြီးရင် ညှစ်ပြီး ကြော်စား ချက်စားရင် အခါးသက်သာပါတယ်။ ဆန်ဆေးရည် မရှိရင်တော့ ဆားနဲ့ နယ်ပြီး အရည်တွေကို နာနာညှစ်ပစ်ပါ။ အစေ့ထုတ်ပြီး တစ်ချို့က စားသလို အချို့ကလည်း အစေ့ကိုထောင်းပြီး ထည့်ချက်ပါတယ်။

Bitter Melon

ကြက်ဟင်းခါးသီးဟာ ပန်ကရိယ ကင်ဆာသမားတွေကို သက်သာစေနိုင်ကြောင်း သုတေသနာ ပညာရှင်တစ်ဦးက တွေ့ရှိပြီး အတည်ပြုထားပါတယ်။ နည်းကတော့ ကြက်ဟင်းခါးသီးကို ရေနဲ့ရောပြီး ဖျော်ရည်လုပ်သောက်မှာပါ။ သူ့ကို ပုံမှန်စားပေးရင် ပန်ကရိယကင်ဆာဝေဒနာရှင်တွေဟာ ၉၀-၉၈% ကင်ဆာဆဲလ်တွေကို ဖယ်ရှားပေးနိုင်ပြီး အကျိတ်အရွယ်အစားကို ၆၄% လျှော့ချပေးနိုင်ကြောင်း ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

Bittergourd

ကြက်ဟင်းခါးသီးဟာ ဆီးချိုဝေဒနာကို သက်သာစေနိုင်တဲ့အတွက် ဆေးတောင့်ပုံစံပြောင်းပြီး ထုတ်လုပ်ရောင်းချနေတာတွေလည်း ရှိပါတယ်။ အခြား သွေးတိုး၊ ပန်းနာရင်ကြပ်၊အရေပြားရောဂါ၊ အစာအိမ်ရောဂါတွေကို ကုသရာမှာလည်း ကြက်ဟင်းခါးသီးဟာ အသုံးဝင်လှပါတယ်။

Credit: Good Health