ပါဝင်ပစ္စည်းများ

  • ခရမ်းချဉ်သီး၊ ငြုပ်သီးစိမ်း
  • ကြက်သွန်ဖြူ
  • ဆား – အနည်းငယ်
  • ငံပြာရည် – အနည်းငယ်
  • ဟင်းချိုမှုန့်၊ နံနံပင်

ပြုလုပ်နည်း

  • ခရမ်းချဉ်သီးကို အလုံးလိုက် ပြုတ်ပါ ။ ငြုပ်သီးစိမ်း နှင့် ကြက်သွန်ဖြူကို နှုတ်နှုတ်စင်းပါ ။
  • ခရမ်းချဉ်သီး နူးလာလျှင် အခွံခွာထားပြီး အနှစ်ရအောင် ချေထားပါ ။
  • ပန်းကန်ထဲကို ဆား အနည်းငယ် ၊ ငံပြာရည် အနည်းငယ် (ယိုးဒယားကင်းမွန် ဆိုပိုကောင်းပါတယ်) ထည့်ပါ ။ ဟင်းချိုမှုန့် ကြိုက်လျှင် အနည်းငယ်ထည့်ပါ ။ ပြီးနောက် ခရမ်းချဉ်သီး အနှစ် ထပ်ထည့်ပါ ။
  • အားလုံးကို မွှေပြီး အရသာ လိုသလို ထည့်ပါ ။ စားခါနီးမှ နံနံပင်လှီးထည့်ပါ ။
  • ချဉ်ငံစပ် ကြိုက်လျှင် ကိုင်းသီးနဲ့ဖျော်ပါ ။

Credit: Myint Myint Aye