အသီး - Fruits | အကြော် - Fried

ပန်းသီးကြော်

April 15, 2016

ပန်းသီးကြော်

Share this on:

တချို့ ပန်းသီးတွေက ၀ယ်ပြီးရင် အရမ်းမာနေတာတို့ မချိုတာတို့ ဆိုရင် ဂျုံနဲ့ ကြော်စားကြည့်ပါ ။  အရမ်းကောင်းပါတယ် ။ လုပ်ရတာလဲ လွယ်ကူပါတယ် ။

ပါဝင်ပစ္စည်းများ

  • ပန်းသီး အခွံနွှာပြီးအတုံးလေးတွေတုံး (၃ခွက်)
  • ဂျုံ မှုန့်  - ၁ခွက်ခွဲ
  • သကြား - ထမင်းစားဇွန်း ၁ ဇွန်း
  • Baking Powder လက်ဖက်ရည်ဇွန်း ၂ ဇွန်း (ရိုးရိုးဆော်ဒါကိုသုံးရင် ဆော်ဒါ အနည်းငယ်)
  • ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်
  • နွားနို့  - ခွက်သုံးပုံ နှစ်ပုံ
  • ကြက်ဥ - ၂လုံး
  • ဆီ - လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

  1. ဂျုံ ၊ သကြား ၊ Baking Powder ၊ ဆား တို့ ကိုနှံအောင်မွှေပါ ။ ပြီးလျှင် ကြက်ဥကို ခေါက်ပြီးထည့်ပါ ။ နွားနို့ ၊ ဆီထည့်ပြီး နှံ့အောင် မွှေပါ ။
  2. ကြော်ရန် ဆီကို အပူပေးပြီး ဆီပူလာရင် ထမင်းစားဇွန်းနဲ့ တဇွန်းဆီ ခပ်ပြီး ဆီအိုးထဲမှာ ထည့်ကြော်ပါ ။
  3. တဖက်ကို ငါးမိနစ်ခန့် ကြော်ပါ ။ (သို့ ) အညိုရောင်သန်းလာသည်အထိ ကြော်ပါ ။
  4. ပြီးလျှင် ဆီစစ်ပြီးတော့ ပန်းသီးကြော် ပူပူလေးကို သကြားဖြူး စားပါ ။ သစ်ကြပိုးခေါက် အမှုန့် ကြိုက်လျှင် သစ်ကြပိုးခေါက် အမှုန့် နှင့် သကြားကို ဆတူရောပြီး ပန်းသီးကြော် ပေါ်မှာ ဖြူးစားပါ ။
Credit: Ei San's Homemade Inspiration

Review

User Rating

0 (0 Votes)