ပါဝင်သောပစ္စည်းများ

  • ပိန်းဥ
  • ကြက်သွန်နီ
  • အစိမ်းရောင်ဟင်းနုနွယ် (သို့) မြင်းခွာရွက်
  • ဆား – လက်ဖက်ရည်ဇွန်း တဝက်
  • သကြား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • အကြော်မှုန့်- ထမင်းစားဇွန်း ၂ ဇွန်း မောက်မောက်

ပြုလုပ်နည်း

ပိန်းဥကို ဂျစ်နှင့် ခြစ်ထားပါ။ ခြစ်ထားသော ပိန်းဥ ထမင်းစားပန်းကန်လုံး ၂ လုံးစာအတွက်ကို ကြက်သွန်နီ တလုံး ပါးပါးလှီးထားပါ။ အစိမ်းရောင် ဟင်းနုနွယ် (သို့) မြင်းခွာရွက် ကို ကြက်သွန်နီနှင့်စတူထည့်ရန် ပါးပါးလှီးထားပါ။

ဇလုံတခုထဲတွင် ခြစ်ထားသောပိန်းဥ၊ ကြက်သွန်နီ၊ အစိမ်းရောင် ဟင်းနုနွယ်ရွက် (သို့) မြင်းခွာရွက် တို့ကို ဆား၊ သကြားတို့ဖြင့်နယ်ပါ။

ပြီးလျှင် အကြော်မှုန့်ကို ထည့် နယ်ပါ။ အရမ်းပျစ်နေလျှင် ရေနည်းနည်းထည့်ပါ။

ထို့နောက် အကြော်အနှစ်ကို ထမင်းစားဇွန်း ၁ ဇွန်း မောက်မောက် စာယူ၍ အပြားပြားပြီး ဆီပူပူထဲထည့်ကြော်ပါ။ တဖက်က အညိုရောင် သန်းလာလျှင် နောက်တဖက်လှန်၍ ကျက်သည် အထိကြော်ပါ။

အချဉ်ပြုလုပ်နည်း

1. ငရုတ်သီးဆာ့ – ထမင်းစားဇွန်း ၁ ဇွန်း
2. မန်ကျည်းမှည့်ရည် – ထမင်းစားဇွန်း ၁ ဇွန်း ခွဲ
3. ပျစ်ပျစ်ဖျောထားသော ထန်းညက်ရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
4. ရေ – ထမင်းစားဇွန်း ၂ ဇွန်း၊
5. ပါးပါးလှီးထားသော နံနံပင် – အနည်းငယ် တို့ကိုရော၍ အချဉ်ရည် ကိုပြုလုပ်ပါ။

Credit: Ei San’s Homemade Inspiration