ပိန်းဥကြိုက်တဲ့သူတွေအတွက် ပိန်းဥကြော်နည်းလေးကို မျှဝေပေးချင်ပါတယ်။ ဈေးသွားရင်းနဲ့ ပိန်းဥဝယ်လာတဲ့အခါ အလွယ်တကူ ကြော်စားနိုင်အောင် ဒီနည်းလေးကို သိမ်းထားလိုက်အုံးနော်။

ပါဝင်ပစ္စည်း

  • ပိန်းဥ ၃လုံး
  • ဂျင်း လက်၂ဆစ်
  • အကြော်မှုန့် ၁ဇွန်း (ထမင်းစားဇွန်း)
  • ဆား အနည်းငယ်
  • ဆီ

ပြုလုပ်နည်း

ပိန်းဥကို အခွံခွာပြီး ခြစ်နှင့်ခြစ်ပါ။

ဂျင်း လက်၂ဆစ်လောက် ခြစ်နှင့်ခြစ်ပါ။

ခြစ်ထားသော ပိန်းဥ နှင့် ဂျင်းကို ဆားနဲနဲ၊ အကြော်မှုန့် နှင့် ထည့်နယ်ပါ။

ပြီးလျှင် အနေတော် အပြားလေးတွေ လုပ်ပြီး ဆီပူပူမှာ ထည့်ကြော်ပါ။

နီညိုရောင်သန်းလာလျှင် အိုးထဲက ဆည် ဆီစစ်ပြီး စားလို့ ရပါပြီ။

Credit: Myanmar Yummy Foods