ပိန္နဲသီး၊ ဌက်ပျောသီးရယ် ပေါင်းပြီး ကြော်ထားတာ အဆန်းလေးပါ။  အရမ်းစားလို့ကောင်းတဲ့အတွက် ပြုလုပ်နည်းကို ရှယ်လိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ငှက်ပျောသီး
  • ပိန္နဲသီး
  • သကြားညို
  • ကြက်ဥ
  • ကော်ပြန့်ဖတ်

ပြင်ဆင်ပြုလုပ်နည်း

ငှက်ပျောသီးကို အရှည်လိုက် တခြမ်း ခြမ်းပါ။ ကျမက အလုံးကြီးတဲ့ အမျိုးအစားသုံးထားလို့ လေးစိတ်စိပ်ထားတယ်။ ဘာငှက်ပျောဖြစ်ဖြစ် အဆင်ပြေသလို ထည့်လို့ရပါတယ်။ သေးရင် တလုံးလုံး (သို့မဟုတ် ) တခြမ်းခြမ်းထည့်ပါ။

ပိန္နဲသီးကို အမျှင်လေးတွေ ခွဲထားပါ။ သကြားညိုကို ခွက်တခွက်ထဲ ထည့်ထားပါ။ ကြက်ဥတလုံးခေါက်ထားပါ။ ကော်ပြန့်ဖတ်ထဲ ငှက်ပျောသီးကို သကြားလူးပြီး ထည့်ပါ။ အပေါ်က ပိနဲ္နသီး နှစ်ဖတ်သုံးဖတ် ထည့်ပြီး လိပ်ပါ။ နှုတ်ခမ်းသားတွေကို ကြက်ဥရည်သုတ်ပြီး ပိတ်ပါ။ အလိပ်အားလုံး လိပ်ပြီးရင် အပေါ်က သကြားဖြူးပြီး ဆီပူထဲ ထည့်ကြော်ပါ။

အသီးတော်တော်များများ အစားထိုးထည့်လို့ ရတယ်။ စိတ်ကူးတည့်သလို လုပ်စားကြည့်ကြပါ။ ကိုယ်အရင်က combination မဖြစ်ဘူးထင်တာတွေ တွဲစားလို့ရတယ်ဆိုတာ သက်သေပဲ။ ဘာကိုမှ ပုံသေဆွဲကိုင်မထားပဲ အားလုံးကို လက်ခံပြီး adapt လုပ်သွားရင် ကိုယ့်စိတ်ကူး ကိုယ့်အတွေးတွေက ကျယ်ပြန့်လာတယ်။ ကမ္ဘာ့တခြားဘက်ခြမ်းမှာ ကိုယ်မထင်ထားတဲ့ အိုင်ဒီယာတွေနဲ့ ဟင်းချက်နည်းတွေ တပုံကြီး ရှိနေတယ်။

Credit: Food Madness

111a