ဟင်းသီးဟင်းရွက် - Vegetables | အသီး - Fruits | အသုပ် - Salad

ပိန္နဲသီး နှင့် ကိုင်းခရမ်းချဉ်သီး ကြက်သွန်ဖြူသုပ် (Jackfruit with Garlic Tomato Salad)

March 26, 2016

ပိန္နဲသီး နှင့် ကိုင်းခရမ်းချဉ်သီး ကြက်သွန်ဖြူသုပ် (Jackfruit with Garlic Tomato Salad)

Share this on:

ချဉ်ငံစပ် ဖြစ်လို့ ဘယ်အချိန်ပဲသုပ်စားစား အဆင်ပြေပါတယ် ။ သတ်သတ်လွတ် စားသုံးသူများလဲ ငါးငံပြာရည် မထည့်ပဲ သတ်သတ်လွတ် သုပ်စားနိုင်တာကြောင့် အရသာရှိရှိ ချဉ်ငံစပ် သတ်သတ် လွက်ဟင်းတစ်ပွဲ ကိုရရှိမှာပါ ။ လုပ်စားကြည့်လိုက်နော်။

11053440_788671944596223_7865080686815068394_o

 

ပါဝင်ပစ္စည်းများ

  • ပိန္နဲသီး  –   ၃ ကွင်း (အသားမှုန့်နှင့် ပြုတ်ထားပါ)
  • ကြက်သွန်ဖြူဆီချက်  –   ၁ ဇွန်း စားပွဲဇွန်း
  • ပဲအကျက်မှုန့်   –   ၂ ဇွန်း လက်ဖက်ဇွန်း
  • နံနံပင်  –   ၅ ပင် (အရွက်တွေပဲချွေယူထားပါ၊ ခတ်ကြမ်းကြမ်းလှီးထားပါ)
  • ပဲပုတ်ခြောက်စေ့   –    ၃ ဇွန်း စားပွဲဇွန်း (လှော်ထားပါ၊ မညက်တစ်ညက်ထောင်းထားပါ)

 

12525479_788672047929546_8809387917233949382_o

ခရမ်းချဉ်သီး အနှစ်ပြုလုပ်ရန် ပါဝင်ပစ္စည်းများ

  • ငရုတ်သီးစိမ်း   –   ၁၀ တောင့်
  • ငံပြာရည်   –   ၁ ဇွန်း စားပွဲဇွန်း
  • ဆား  –   တစ်ဝက် ဇွန်း လက်ဖက်ဇွန်း
  • ကြက်သွန်ဖြူ   –  ၅ မွှာ (အခွံခွာပြီး တစ်ပြားရိုက်ထားပါ)
  • နံနံရိး   –   ၅ ရိုး
  • ကိုင်းခရမ်းချဉ်သီး   –   ၁၀ လုံး

12885945_788672634596154_4267772859648886981_o

ပြုလုပ်နည်း

  1. အိုးထဲ ကို ခရမ်းချဉ်သီး အနှစ်ပြုလုပ်ရန်ပါဝင်ပစ္စည်းများ အားလုံးထည့်ပြီး မီးမျှင်မျှင်လေးဖြင့် ပြုတ်ထားပါ ။ ခရမ်းချဉ်သီးများနုးအိလာလျှင်ရပါပြီ ။
  2. ပြုတ်ထားသော ပိန္နဲသီးကို အခွံခွာပြီး အဖတ်များ ကို လက်ဖြင့်အသာ အနေတော်ဖယ့်ထားပါ ။
  3. သုပ်ရန် ပိန္နဲသီးဖတ် နှင့် ခရမ်းချဉ်သီး အနှစ်လိုသလောက် နှင့် ခရမ်းသီးပြုတ်ရာတွင်ပါဝင်သော ငရုတ်သီးစိမ်း နှင့် ကြက်သွန်ဖြူဖတ်များ လဲ ထည့်သုပ်လို့ရပါတယ်။ ကျန်ပါဝင်ပစ္စည်းများအားလုံး ထည့်ပြီး နှံ့အောင်လက်ဖြင့်နယ်ပါ။ စားမြည်းပါ၊လိုတာထပ်ဖြည့်နိုင်ပါတယ်။
  4. *မှတ်ချက်- ကိုင်းခရမ်းချဉ်သီး ဖြစ်သောကြောင့် ချဉ်ပါသည် ။ ခရမ်းချဉ်သီးအနှစ်ကို လိုသလောက် ထည့်ပြီး ပိုတာကို လေလုံ ဖန်ဗူးလေးဖြင့် ရေခဲသေတ္တာထဲမှာ ၂ပတ်လောက် ထားလို့ရပါတယ် ။
Credit: Syi Foods Garden

Review

User Rating

0 (0 Votes)