ပုစွန်ချဉ်

Share this on:

ပါဝင်ပစ္စည်းများ

  • ပုစွန်သေးသေး ၂၀ သား
  • ထမင်းပူပူ
  • ဆား

ပြုလုပ်နည်း

  1. ပုစွန်သေးသေး ၂၀ သားကို ခေါင်းဖြုတ်ပြီး ရေစင်အောင်ဆေးပါ ။
  2. ဇကာနဲ့ရေခဏစစ်ထားပြီး ဆားကို ခါတိုင်းဟင်းချက်တာထက် နဲနဲပိုထည့်ပြီး နှံ့အောင်နယ်ပါ ။
  3. နာရီဝက်လောက်ရေစစ်ထားပြီး ထမင်းပူပူနဲ့ ဆားနယ်ထားတဲ့ပုစွန်ကို ရောနယ်ပေးပါ ။
  4. နယ်ပြီးရင် ခြောက်သွေ့သန့်ရှင်းတဲ့ အနေတော် ဖန်ပုလင်းထဲကို ဖိသိပ်ပြီးထည့်ပါ ။
  5. ပုလင်းပြည့်အောင် အပေါ်ကနေ ဝါးရွက် ငှက်ပျောရွက်ဖိထည့်ပြီး လေလုံအောင်အဖုံးဖုံးကာ တစ်ညသိပ် ထားလိုက်ပါ ။
  6. နောက်တနေ့ အဖုံးဖွင့်ပြီး ပန်းကန်ပြားပေါ်မှောက်ထားပေးပါ ။
  7. ပုစွန်ချဉ်ပုလင်းမှ ထွက်ကျလာသော အရည်များကို နေ့တိုင်းသွန်ပစ်ပေးပါ ။
  8. အဲဒီအတိုင်း ၂ ရက်၊ ၃ ရက်ထားပြီးရင် ပုစွန်ချဉ် ရပါပြီ ။ (ချဉ်ပြီးမှ ရေခဲသတ္တာထဲ ထည့်ပါ။)
ပုစွန်ချဉ်သုပ်နည်း

1. ပုစွန်ချဉ်သုပ်ကို ကြက်သွန်နီ၊ ဆီ ၊ ငရုတ်သီးအကျက်မှုန့်၊ ရှမ်းနံနံ ၊ စပါးလင်နဲ့ ရောပြီးသုပ်စားပါတယ် ။

မှတ်ချက် - ငါးချဉ်ကိုလည်း ငါးခုံးမ နဲ့  အထက်ပါနည်းအတိုင်း လုပ်ပြီး ရေစစ်ပြီး အပေါ်ကနေ အလေးတခုခုနဲ့ ဖိထားပြီး ၂ရက်၊၃ရက်ထားပြီးရင် ငါးချဉ်ရပါပြီ ။

Credit: မွန်မလက်ရာ စားစရာ

Review

User Rating

0 (0 Votes)