ပုဇွန် - Prawn | ဟင်း - Curry

ပုစွန်ဆိတ် အိုးကပ်

July 12, 2016

ပုစွန်ဆိတ် အိုးကပ်

Share this on:

ပါဝင်ပစ္စည်းများ

  • ပုစွန်ဆိတ် - ၂၀ ကျပ်သား
  • ကြက်သွန်နီ - ၁ လုံး
  • ကြက်သွန်ဖြူ - ၅ တက်
  • ခရမ်းချဉ်သီး - ၃ လုံး
  • ငရုတ်ခြောက်တောင့် - ၃ တောင့်
  • ငရုတ်သီးစိမ်း - ၅ တောင့်
  • ရှမ်းနံနံ - ၃ ပင်ခန့်ြ

ပြုလုပ်နည်း

  1. ပုစွန်ဆိတ် လေးတွေ ကိုခေါင်းချိုးပြီး ရေဆေး သန့်စင်ပါ ။
  2. ဆား ၊ ဟင်းခတ်မှုန့် အနည်းငယ် ဖြင့်အရသာ နယ်ထားပါ ။
  3. ကြက်သွန်နီ ၊ ဖြူ ၊ ငရုတ်ခြောက်တောင့် တွေကို ညှက်နေအောင်ထောင်းပါ ။
  4. ခရမ်းချဉ်သီးကို ပါးပါးလှီးပြီး ငရုတ်သီးစိမ်းကို ၃ ပိုင်းခန့် ပိုင်းလှီးပေးပါ ။ ရှမ်းနံနံကို ပါးပါးလေး လှီးထားပါ ။
  5. ဒယ်အိုးတစ်လုံးရဲ့ အောက်ခြေမှာ ထောင်းထားတဲ့ အရောကို ဖြန့်ခင်းပါ ။
  6. နနွင်း နှင့် အရောင်တင်မှုန့် အနည်းငယ် ထည့်ပါ ။ ပါးပါးလှီးထားတဲ့ ခရမ်းချဉ်သီးများ ဖြင့်ဖုံးအုပ်ပါ ။
  7. ဒယ်အိုးနှုတ်ခမ်းသား ပတ်လည်မှာ ဆီအနည်းငယ် လောင်းထည့်ပါ ။ ထောင်းထားတဲ့ ငရုတ်ဆုံကို ရေအနည်းငယ် နှင့် ကျင်းပြီးထည့်ပါ ။
  8. မီးရှိန်အေးအေးမှာ အဖုံးပိတ်ပြီး ချက်ပါ ။ ရေခမ်း ၊ ဆီပြန် ၊ အနှစ်ကျလာပြီဆိုမှ အရသာနယ်ထားတဲ့ ပုစွန်ဆိတ်တွေ ထည့်မွှေပါ ။
  9. ၃ ပိုင်းလှီးဖြတ်ထားတဲ့ ငရုတ်သီးစိမ်းလေးတွေ လည်းထည့်မွှေပေးပါ ။
  10. အဖုံးပြန်ဖုံးပြီး ရေခမ်း ၊ ဆီပြန်လာအောင် ဆက်ပြီး ချက်ပေးပါ ။
  11. ဆီပြန်လာလျှင် ပါးပါးလှီးထားတဲ့ ရှမ်းနံနံလေးတွေ ဖြူးထည့်ပြီး အိုးကပ်သည်အထိ ချက်ပေးပါ ။
Credit: ဟင်းချက်နည်းများ

Review

User Rating

0 (0 Votes)