အမဲ ၀မ်းတွင်းသားနှင့် ပါးစောင်သား ရောချက်တာပါ။  ကျေးလက်ပုံစံလေးပါ။  အမဲသား မသုံးဆောင်သူများကို အနှူးအညွှတ် တောင်းပန်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပုဆိုးကြမ်းသား (၀မ်းတွင်းသား) – ၂၅ကျပ်သား
  • ပါးစောင်သား – ၅ကျပ်သား
  • ကြက်သွန်နီ – ၂လုံး
  • ကြက်သွန်ဖြူ – ၅တက်
  • ဂျင်းကြီးကြီး – ၁တက်
  • တောအရက် – ၁ဇွန်းခန့်
  • မက်ခမ်သီးစေ့ – ၁ဇွန်း
  • ဆား – အနည်းငယ်
  • ဟင်းခတ်မှုန့် – အနည်းငယ်
  • နနွင်းမှုန့် – အနည်းငယ်
  • ဆီ
  • နံနံပင် – အသင့်အတင့်

ပြင်ဆင်ပြုလုပ်နည်း

  1. ပုဆိုးကြမ်းသားနှင့် ပါးစောင်သားတို့ကို ရေစင်အောင်ဆေးပြီး စစ်ထားပါ။ မက်ခမ်သီးစေ့ကို လှော်ပြီး ညှက်နေအောင် ထောင်းပါ။
  2. ဂျင်း ၊ ကြက်သွန်ဖြူ ကို ညှက်နေအောင် ရောထောင်းပြီး ကြက်သွန်နီကို ခပ်ကြမ်းကြမ်း လှီးပါ။
  3. ပါဝင် ပစ္စည်း အားလုံးကို ရောပြီး ဆား ၊ ဟင်းခတ်မှုန့်၊ တောအရက် ၊ နနွင်းမှုန့် ၊ မက်ခမ်သီးစေ့အမှုန့်တို့နှင့် ခပ်နာနာလေး ဖိနယ်ပေးပါ။
  4. ဟင်းချက်အိုးတစ်လုံးမှာ ဆီ ၁ဇွန်းခန့်ကို လောင်းထည့်ပြီး အဖုံးပိတ်ကာ မီးအေးအေးမှာနှုးအိအောင် ချက်ပေးရပါမယ်။
  5. နှုးအိအောင်ဆိုရာတွင် အိပြဲသွားသည်အထိ မဟုတ်ပဲ ခပ်ဆတ်ဆတ်လေး ၀ါးလို့ရသည်အထိပါ။ နံနံပင်လေးဖြူးထည့်ပြီး သုံးဆောင်နိုင်ပါပြီ။

Credit: ဟင်းချက်နည်းများ