အားလုံးပဲ မင်္ဂလာပါ။ တခါတလေမှာ ထမင်းစားမကောင်းတာဖြစ်တတ်ပါတယ်နော်။ ထိုအခါတွေကျရင် စားလို့ကောင်းစေမယ့် ဟင်းချက်နည်းလေးကို ဖော်ပြပေးချင်ပါတယ်။ မိုးတွင်းမှာပေါတဲ့ ပုဇွန်လေးနဲ့ ကင်ပွန်းချဉ်ရွက်လေးကို ချဉ်ငံစပ်လေးကြော်စားကြရအောင်။

ပါဝင်ပစ္စည်း

  • ပုဇွန် ၂၅ကျပ်သား၊ ကင်ပွန်းချဉ်ရွက် ၂စည်း
  • ကြက်သွန်နီ ၂လုံး၊ ကြက်သွန်ဖြူ ၈မွှာ
  • ဆီ ၂ကျပ်ခွဲသားခန့်၊ ငရုတ်ခွဲကြမ်း ၃ဇွန်းမောက်မောက်
  • ငံပြာရည်၊ ဆား၊ သကြား
  • ငရုတ်ကောင်း၊ နနွင်းမှုန့်

ပြုလုပ်နည်း

ပုဇွန်ကို ခေါင်းအချွန်၊ အမြှီးတို့ကို ကတ်ကြေးနဲ့ ဖြတ်ရျ် ရေဆေးပါ ။ ဇကာထဲတွင် ပုဇွန်ကို ရေစစ်ပါ။ ပုဇွန်ကို ငံပြာရည် ၊ဆား၊ သကြား၊ ငရုတ်ကောင်း၊ နံနွင်းမှုန့် တို့နဲ့နယ်ပါ။

ကြက်သွန်နီ၊ ကြက်သွန်ဖြူ ၊ငရုတ်ခွဲကြမ်း ၂ဇွန်းကို ငရုတ်ဆုံထဲတွင် ထည့်ရျ်ထောင်း (သို့မဟုတ်) Blender ထဲတွင် ထည့်ရျ်မွှေပါ။ အိုးထဲတွင် ဆီထဲ့ရျ် ဆီပူလာလျှင် နံနွင်းမှုန့် အရင်ထည့်၊ ပြီးလျှင် ထောင်းထားသည့် ငရုတ်၊ ကြက်နီတို့ကိုထည့်ပါ။

၅မိနစ်ခန့် ကြော်ပြီးနောက် ကျန်သည့် ငရုတ်ခွဲကြမ်း ၁ဇွန်းခန့်ကို ထဲ့ရျ် ၂ မိနစ်ခန့်ထားပါ။ နယ်ထားသည့် ပုဇွန်ကိုထည့်ပြီး ၅ မိနစ်ခန့် ကြော်ပေးပါ။

ခြွေထားတဲ့ ကင်ပွန်းချဉ်ရွက် ထည့် ပြီးနွမ်းသည် အထိထားပါ။ အပေါ့အငံ မြည်းရျ် မိးဖိုပေါ်မှ ချပြီး ထမင်းဖြူ နှင့် သုံးဆောင်နိုင်ပါသည်။

Credit: Blessing Yyn Richard