ပုဇွန် - Prawn | ဟင်း - Curry

ပုဇွန်ဆိတ်ဟင်း

May 4, 2016

ပုဇွန်ဆိတ်ဟင်း

Share this on:

ပုဇွန်ဆိတ်1

ပါဝင်ပစ္စည်း

  • ပုဇွန်ဆိတ်
  • ခရမ်းချဉ်သီး  အနည်းငယ်
  • ငရုတ်ပွသီး   ၅တောင့်
  • ကြက်သွန်နီ
  • ကြက်သွန်ဖြူ
  • ဆနွင်းမှုန့်
  • အရောင်တင်မှုန့်
  • ဆီ
  • ဆား
  • အရသာမှုန့်

ပြုလုပ်နည်း

  1. အရင်ဆုံး ပုဇွန်ဆိတ်ကို သန့်အောင် ရေဆေးပါ ။
  2. ပြီးရင် ခရမ်းချဉ်သီး အနည်းငယ်ကို ခပ်ပါးပါး လှီးပါ ။
  3. ငရုတ်ပွသီး ၅တောင့်ကို အစိတ်ကလေးများ ဖြစ်အောင် လှီးပါ ။
  4. ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ထောင်းပြီး ဆီသတ်ပါ ။  ဆနွင်းမှုန့် နှင့် အရောင်တင်မှုန့်ပါ ထဲ့ပါ ။
  5.  ပြီးရင် ခရမ်းချဉ်သီး ကို ထဲ့ပြီ ကြေတဲ့ အထိ မွှေရပါတယ်
  6. ထို့နောက် အရသာမှုန့် နယ်ထားတဲ့ ပုဇွန်နဲ့ ငရုတ်ပွသီးကို ထဲ့ရ်ျ ရောမွှေပြီး အုပ်ထားပါ ။  နွမ်းသည် အထိ အုပ်ထားပါ ။  ဆား အပေါ့အငံ မြည်းပါ ။
  7.  ပြီးရင်တော့ ဆီပြန် ပုဇွန်ချက် ရပါပြီ ။
Credit: Kyal Sin

Review

User Rating

3.8 (4 Votes)