Recipes | ပုဇွန် - Prawn | ဟင်း - Curry

ပုဇွန် ဆီပြန်ဟင်း

December 11, 2015

ပုဇွန် ဆီပြန်ဟင်း

Share this on:

ပါဝင်ပစ္စည်းများ

  • ပုဇွန် - ၅၀ သား
  • ကြက်သွန်နီ - ၅ ဥ
  • ခရမ်းချဉ်သီး - ၁၀ သား
  • သကြား - အနည်းငယ်
  • ငံပြာရည် - ၂ ဇွန်း (ထမင်းစားဇွန်း)
  • ငရုတ်သီး အရောင်တင်မှုန့် - ၁ ဇွန်း (လဖက်ရည်ဇွန်း)
  • နနွင်းမှုန့် - အနည်းငယ်
  • ဆား - အနည်းငယ်
  • ဆီ - ၅ ကျပ်သား
  • ငရုတ်သီးစိမ်း - ၁၅ တောင့်

ပြုလုပ်ပုံ

  1. ဦးစွာ သန့်စင်ထားသော ပုဇွန်ကို ငရုတ်သီး အရောင်တင်မှုန့်၊ ဆနွင်းမှုန့် ဆား၊ သကြား ၊ ပုဇွန်ငံပြာရည် တို့ဖြင့် ခဏနယ်ထားပါ။
  2. ပြီးလျှင် ထောင်းထားသော ကြက်သွန်နီကို မွှေးအောင် ကြော်ပါ ။
  3. လှီးထားသော ခရမ်းချဉ်သီးများ ထည့်ကာ အနှစ်ရ အခွံလိပ်သည် အထိ တည်ပါ ။
  4. ပြီးလျှင် နယ်ထားသော ပုဇွန်ထည့်ပြီး ရေအနည်းငယ် ထည့်၍ တည်ပါ ။
  5. ရေခမ်း၍ ဆီပြန်လျှင် ငရုတ်သီးစိမ်း အုပ်ပြီး မီးဖိုပေါ်မှ ချလို့ရပါပြီ ။
Credit: Pan Pan

Review

User Rating

3.3 (9 Votes)