ပါဝင်ပစ္စည်းများ

ပုဇွန် – ၂၀ (အကောင်)

တန်ပူရာအကြော်မှုန့် – ၄၀၀ ဂရမ်

ရေခဲရေ – ၁၈၀ မီလီလီတာ

ကြက်ဥ – ၁ လုံး

ဆား – (အနည်းငယ်)

Tempura Sauce (တန်ပူရာဆော့ပြု လုပ်နည်း)

ငံပြာရည် – ၈ ဇွန်း (စားပွဲတင်ဇွန်း)

သကြား – ၄ ဇွန်း (လက်ဖက်ရည်ဇွန်း)

Sweet Rice Wine – ၂ ဇွန်း (လက်ဖက်ရည်ဇွန်း)..တို့ဖြစ်ပါတယ်။

ပြုလုပ်နည်း

ပထမဆုံး ပုဇွန်များကို ခေါင်းခြွေပြီး အမြှီး နောက်ဆုံး အဆင့် အရစ်ထိသာ ချန်ထားပြီး အခွံချွတ်ပါ။ ထို့နောက် ပုဇွန်များကို ကျောကုံးမှ အသားဓားဖြင့် ခွဲပြီး အမဲကြိုးလေးကို ဖယ်ထုတ်ပြစ်ပါ။

ဇလုံ တစ်ခုထဲတွင် တန်ပူရာ ကြော်ရန်အတွက် တန်ပူရာ အကြော်မှုန့်ကို ပါဝင် အချိုးအစား အတိုင်းထည့်ပြီး ရေခဲရေဖြင့်ဖျော်ပါ။ (ရေခဲရေ ဖြင့်သာ ဖျော်ရပါမည် ရိုးရိုးရေ သုံးလို့မရပါ။)

ဆား အနည်းငယ် ထည့်၍ ကြက်ဥ တစ်လုံးကို ဖောက်ထည့်ကာ သမအောင် မွှေပေးပါ။

ပုဇွန်များကို ပထမဆုံး တန်ပူရာ အမှုန့်နှင့် လူးပြီး အသင့် ဖျော်ထားသည့် တန်ပူရာ မုန့်နှစ်ထဲသို့နှစ်၍ ဆီအိုး ထဲသို့ ထည့်ကြော်ပါ။

ပုဇွန်များ ရွှေအိုရောင် ဖြစ်ပြီး ကျက်သွားပါက ဆယ်ယူ၍ ။ ပြုလုပ်ထားသည့် တန်ပူရာ ဆော့ နှင့် တို့ကာ အသင့် စားသုံး နိုင်ပါသည်။

Credit: ဇွဲသုသု