တစ်ခါတစ်လေ ပုဇွန်ဟင်းချက်စားရတာ ငြီးငွေ့လာတတ်ပါတယ်။ အဆီအနှစ် တွေနဲ့ထမင်း တွဲစားရတာ အီလည်လာတဲ့ အခါမျိုးတွေ ကျမ်းမာရေး အတွက်လည်း လိုက်ဖက်ညီ ကောင်းမွန်သော ပုဇွန်ကင် နဲ့ အသီးအရွက်သုပ်လေး ကို မျှတသော အဟာရများ ပါဝင်တာကြောင့် လုပ်စားကြည် လိုက်အုန်းနော်။

ပါဝင်ပစ္စည်းများ

  • ဂေါ်ဖီ – ၁/၂ ခွက် (ခတ်ပါးပါး မျှင်မျှင်လေးတွေ လှီးထားပါ)
  • နံနံပင် – ၃ ပင် (ခတ်ကြမ်းကြမ်းလေးတွေ လှီးထားပါ)
  • ချယ်ရီ ခရမ်းချဉ်သီး – ၁၀ လုံး
  • ငြုပ်သီးစိမ်း – ၃ တောင့် (ခတ်ကြမ်းကြမ်းလေးတွေ လှီးထားပါ)
  • ငြုပ်ပွစိမ်း – ၁/၂ (အရှည်လိုက်လေး တွေလှီးထားပါ)
  • Japanese Dressing နှမ်းပဲငံပြာရည် – ၃ ဇွန်း (စားပွဲတင်ဇွန်း)
  • သံပုရာရည် – ၁/၂ ဇွန်း (လက်ဖက်ရည်ဇွန်း)
  • နှမ်းမဲ – ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)
  • ပုဇွန် – နယ်နှပ်ထားရန် (Marinate the prawn)
  • ပုဇွန်ထုပ်ကြီး – ၄ ကောင် (အခွံနှင့် ထက်ခြမ်းခြမ်း ထားပါ ။)
  • သံလွင်ဆီ – ၁ ဇွန်း (စားပွဲတင်ဇွန်း)
  • Cajun မှုန့် – ၁/၂ ဇွန်း (လက်ဖက်ရည်ဇွန်း)

ပြုလုပ်နည်း

  1. ဖန်ဇလုံ ကြီးထဲသို့ ပုဇွန် နယ်နှပ်ရန် ပါဝင်ပစ္စည်းများ အားလုံးထည့်ပြီး နှယ်နှပ်ထားပါ။ ပုဇွန် နယ်နှပ်ထားစဉ် ဖန်ဇလုံ အကြီးထဲ သံပုရာရည် နှင့် Japanese Sesame Soy Sauce Dressing များ ထည့်ပြီး ရောမွှေသွားအောင် ခလောက်ပါ။
  2. အာဗင် ကို အပူချိန် ၁၉၀ ဒီဂရီလောက် ပေးထားပါ။ (မီးသွေးနှင့် ကင်မည်ဆိုလျှင် မီးသွေး မီးတောက်မှ ကင်ပါ။)
  3. အာဗင်ထဲကင်ရန် ဘားတန်းစင်ပါသော အကင်ဗန်းပေါ် နယ်နှပ်ထားသော ပုဇွန်ခြမ်းများ စီတင်ပါ။ ပုဇွန် နယ်နှပ်ထားသော ကျန်အရည်များကို စုတ်တံလေးဖြင့် သေချာစွာ ပုဇွန်ပေါ် သုတ်ပေးပါ။
  4. အာဗင်ထဲတွင် ပုဇွန်များကို ၃ ၊ ၄ မိနစ်ခန့် ကင်ပါ။ အရောင်တက်လာလျှင် တစ်ဖက်လည့်ပေးပြီး ၂ မိနစ်ခန့် ထပ်ကင်ပါ။ ပြီးလျှင် အနည်းငယ် အအေးခံပြီးမှ အရွက်သုပ်ဖြင့် တွဲစားပါ။
  5. အသုပ်သုပ်ရန် Japanese dressing ဖန်ဇလုံထဲ ပါဝင်ပစ္စည်းများ အားလုံး ထည့်ပြီး အရွက်ထဲ အရသာ ဝင်အောင် နယ်နှပ်ထားပါ။ ပြီးလျှင် ကင်(ဖုတ်) ထားသော ပုဇွန်ဖြင့် တွဲစားပါ။

.