သရက်သီးကို ပုံစံအမျိုးမျိုး နဲ့လုပ်စားလို့ ရပါတယ်။

ပါဝင်ပစ္စည်းများ

  • သရက်သီး
  • ပုဇွန်၊ စိမ်းစားငါးပိ
  • မကျည်းမှည့်အနှစ်
  • သကြားအညိုရောင်

Source: Kuliner

  • ငါးပိရေချို၊ ငရုတ်သီးစိမ်း
  • ငရုတ်သီးအကြတ်မှုန့်၊ မြေပဲထောင်း
  • ပုဇွန်ခြောက်မှုန့် ၁ဇွန်း
  • ကြက်သွန်နီ၊ ဆလပ်ရွက်

ပြုလုပ်နည်း

သရက်သီးကို အခွံခွာ ၊ ခြှစ်တံ နှင့် ခြှစ်ပြီး ရေစိမ်ထားပါ။

ပုဇွန်ကို အခွံမခွာပဲ ရေနွေးပွက်ပွက်ဆူ ထဲထည့်၊ ပြန်ဆယ်ပြီး အခွံခွာပါ။ အခွံခွာထားတဲ့ပုဇွန်ကို ပုဂံအလွတ်ထဲ ထည့်ထားပါ။

အခြားလိုအပ်တဲ့ စိမ်းစားငါးပိကို မီးဖုတ်ထားပါ။

မကျည်းမှည့်အနှစ်၊ သကြားအညိုရောင် ၊ ကြိုထားတဲ့ငါးပိရေချို အနည်းငယ်၊ ငရုတ်သီးစိမ်း၊ ငရုတ်သီးအကြတ်မှုန့် ၊မြေပဲထောင်း၊ ပုဇွန်ခြောက်မှုန့် ၁ဇွန်း၊ ကြက်သွန်နီ ပါးပါးလှီး ထားပါ။

အရင်ဆုံး ဆုံထဲကို စိမ်းစားငါးပိ ၊ ငရုတ်သီးစိမ်း၊သကြား၊ ပုဇွန်ခြောက်မှုန့်၊ငရုတ်သီးကြတ်မှုန့်တို့ကို အရင်ကြေညက်အောင် ထောင်းပါ။

ပြီရင်တော့ သရက်သီးထည့် ပုဇွန်၊ မကျည်းမှည့်၊ ငံပြာရည်အနည်းယေ်၊ ငါးပိရည်ကြို ၁ဇွန်း၊ ကြက်သွန်နီ တို့ကိုရောပြီးထောင်းပါ။

အားလုံးပြီးလျှင် ဆလပ်ရွက်လေးခင်း၊ ထောင်းထားတဲ့ သရက်သီးအပေါ်ကတင်၊ မြေပဲထောင်းကို ဖြူးပြီး အဆင်သင့်စားနိုင်ပါပြီ။

အနံ အရသာကောင်းလွန်းတဲ့ ပုဇွန်သရက်သီးထောင်းပါ။

Credit: အိမ်ဟင်းလေးတခွက်