ပုဇွန်ကော်ပြန့်ကြော်

Share this on:

ပါဝင်ပစ္စည်းများ

  • ပုဇွန်
  • ငရုတ်ချဉ် သုံးဇွန်း
  • ပဲငံပြာရည် အကြည် တဇွန်း
  • သုံပုရာသီး တလုံး (ညှစ်)
  • ဆီ တဇွန်း
  • ကြက်သွန်ဖြူ သုံးမွှာ (ထောင်း)
  • သကြားတဇွန်း
  • ဆား
  • ငရုတ်ကောင်း
  • ကြက်ဥ
  • ဆီ
  • ကော်ပြန့်ဖတ်

ပြင်ဆင်ပြုလုပ်နည်း

  1. ပုဇွန်တွေကို အခွံခွာပြီး အလယ်အူကြောင်း ထုတ်ပါ ။  အမြှီးတွေ ချန်ထားပါ ။  ပထမဆုံး ပုဇွန်တွေလူးကြော်ဘို့ ဆော့စ်အစပ် ဖျော်ပါမယ် ။
  2. ပုဂံလုံးထဲ  ငရုတ်ချဉ် သုံးဇွန်း (ကြိုက်ရာ Hot Sauce သုံးပါ.. ချဉ်ပြီး စပ်ရင်ပြီးရော) ပဲငံပြာရည် အကြည် တဇွန်း ၊ သုံပုရာသီး တလုံး (ညှစ်)၊ ဆီ တဇွန်း၊ ကြက်သွန်ဖြူ သုံးမွှာ (ထောင်း) ၊ သကြားတဇွန်း ၊ ဆားနဲ့ ငရုတ်ကောင်း သင့်ရုံ.ထည့်ပါ ။ သံပုရာခွံ နည်းနည်း ခြစ်ထည့်ပါ ။  အစပ်ပိုကြိုက်ရင် ငရုတ်သီးစိမ်း ထောင်းထည့်ပါ ။
  3. ထို့နောက် ဖျော်ထားတဲ့ ဆော့စ်ထဲ ပုဇွန်တွေ စိမ်ပြီး နာရီဝက် ထားပါ ။ ပြီးရင်  ကော်ပြန့်ဖတ်ထဲ ထည့်လိပ်ပါ ။ ကော်ဖတ်ကို လေးထောင့်အဖတ် (သို့) အ၀ိုင်း အဆင်ပြေတာ သုံးလို့ရပါတယ် ။ နှုတ်ခမ်းသားတွေကို ပွင့်မထွက်အောင် ထုံးစံအတိုင်း ကြက်ဥရည်နဲ့ ပိတ်ပါ ။  ဆီပူထဲ အရောင်ရဲသည်အထိ ထည့်ကြော်ပါ ။  ကျက်ရင် ဆီစစ်ပြီး စားလို့ရပါပြီ ။  ယိုဒယား Sweet & Spicy Chilli Sauce (Thai Style) နဲ့ တွဲစားရင် အင်မတန်လိုက်ပါတယ် ။
ကော်ပြန့်ဖတ် သုံးနော် ။ ဖက်ထုတ်ဖတ် မဟုတ်ဘူး ။

Credit: Food Madness

Review

User Rating

4.6 (5 Votes)