ပုဇွန်အစိမ်းသုပ်ကတော့ လွယ်ကူပြီး အစိမ်းစားတတ်သူတိုင်း နှစ်သက်ကြမယ်ထင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပုဇွန်ဗော့ချိတ် – အကောင် ၂၀
  • Dashi မှုန့်
  • သကြား
  • သံပုရာသီး
  • ကြက်သွန်းဖြူ
  • ငရုတ်သီးစိမ်း
  • နံနံပင်
  • ပျားရည်
  • ပုဇွန်ငံပြာရည်
  • ခရမ်းချဉ်သီး

ပြင်ဆင်ပြုလုပ်နည်း

  1. ပထမဆုံး ပုဇွန်ကို အခွံပြောင်အောင်နွှာပြီး ကျောကိုခပ်နက်နက်ခွဲပေးကာ (Dashi မှုန့် ၊ သကြား ၊ သံပုရာရည်) ထည့်နယ်ပြီး ရေခဲသေတ္တာထဲမှာ မိနစ် ၂၀ နာရီဝက်ခန့် နှပ်ထားပေးပါ ။
  2. ထို့နောက် ပုဇွန်နဲ့ရောသုပ်ရန် (ကြက်သွန်ဖြူ ၊ ငရုတ်သီးစိမ်း ၊ နံနံပင်) တို့ကို မှုန့်နေအောင်စင်းထားပြီး အရသာအတွက် ပျားရည်၊ ပုဇွန်ထမ်းငံပြာရည် ၊ သံပုရာရည်တို့ကို ညှစ်ထည့်ပြီး မွှေပေးကာ ထွက်လာသောအရည်ကို မြည်းပြီး စိတ်ကြိုက် ပြင်ဆင်နိုင် ပါတယ် ။
  3. စားတော့မယ်ဆိုရင်တော့ အရသာသွင်းထားတဲ့ပုဇွန်ကို ရေစင်အောင်ညှစ်ထုတ်ပြီးမှ ပန်းကန်ထဲထည့်ကာ ပြင်ဆင်ထားတဲ့ ဆော့နဲ့ အနှစ်များ စမ်းပေးလိုက်ရုံပါ ။ ခရမ်းချဉ်သီးကိုလည်း နှစ်သက်ရင် ပါးပါးလှီးထည့်နိုင်ပါတယ် ။

Credit: ၀ါသနာအိုး