အိမ်မှာ အလွယ်တကူ ကြော်စားလို့ အဆင်ပြေပြီး ပူပူနွေးနွေး အနံ့မွှေးမွှေးလေးနဲ့ ကလေးလူကြီး အားလုံးကြိုက်လို မကြာခန ကြော်ကျွေး ဖြစ်တဲ့ ထမင်းကြော်လေးပါရှင်။

ပါဝင်ပစ္စည်းများ

ပုဇွန်ထမင်းကြော် ၁

  • ပုဇွန်ကျား အရွယ်တော် – ၁၀ ကျပ်သား (၂၀) ကောင်ခန့်
  • ပေါ်ဆန်းမွှေးဆန် – ၁ ဗူး (နို့ဆီဗူး)
  • ဆီ – ၄ ဇွန်း (ဟင်းစားဇွန်း)
  • ပဲ ငံပြာရည် အကြည် – ၃ ဇွန်း (ဟင်းစားဇွန်း)
  • ခရုဆီ – ၃ ဇွန်း (ဟင်းစားဇွန်း)
  • တရုတ် မဆလာ – အနည်းငယ်
  • ငရုတ် ကောင်းမှုန့် – အနည်းငယ်
  • ကြက်သွန်ဖြူ – ၃ တက် (သေးသေးစဉ်းထားပါ)
  • ခါကျက်ဥ – အနည်းငယ် (အတုံးသေးတုံးထားပါ)
  • ပြောင်းဖူး – အနည်းငယ် (အတုံးသေးတုံးထားပါ)
  • ပဲစိမ်းလုံး – အနည်းငယ် (အတုံးသေးတုံးထားပါ)
  • Baby Corn – အနည်းငယ် (အတုံးသေးတုံးထားပါ)
  • ဆီ – ၃ ဇွန်း
  • ကြက်ဥ – ၂ လုံး
  • CP ကြက်အူချောင်း – ၁ ခု (အတုံးသေးတုံးထားပါ)
  • ပဲငံပြာရည် အကြည် – ၁ ဇွန်း

ပြုလုပ်နည်း

  1. ပုဇွန်များကို ခေါင်းဖြုတ် ၊ အခွံသင် ၊ ကျောခွဲ သန့်စင်ပြီး ၄ – ၅ ကောင်ခန့် ချန်၍ သေးသေးစဉ်းကာ ပဲငံပြာရည် အကြည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း ဖြင့်နယ်ထားပါ။
  2. ပေါ်ဆန်းမွှေး ဆန် နို့ဆီဗူး ၁ ဗူး ကို အရမ်း မပျော့အောင် ချက်ပြီး ဗန်းတစ်ခု ထဲမှာ ဖြန့်ပြီး အအေး ခံထားပါ။ ဒယ်ထဲဆီ ၃ ဇွန်း ထည့်ပြီး ဆီပူလာလျှင် သေးသေးစဉ်း ထားသော ကြက်သွန်ဖြူ ထည့်၍ ခနမွှေထားပေးပါ ။
  3. အနံ မွှေးလာပြီဆိုလျှင် ပုဇွန်လေးတွေ နှင့် ကြက်အူချောင်းထည့် မွှေပေးပါ။ တရုတ် မဆလာ အနည်းငယ် ထပ်ထည့်ကာ ပုဇွန်လေးများ အရောင်ပြောင်း နီလာပြီဆိုလျှင် အအေး ခံထားသော ထမင်းထည့်ပါ ။
  4. ပဲငံပြာရည် ၊ ခရုဆီ ၊ ရေအေးစိမ်ပြီး ရေစစ်ထားသော အသီးများ ထည့်မွှေပြီး ကြက်ဥ ထပ်ထည့်ကာ သမအောင် မွှေကြော်ပေးပါ ။
  5. ခနကြာလျှင် အရသာ အပေါ့အငံ စိတ်ကြိုက်ပြင်ပြီး ငရုတ်ကောင်း ၊ ကြက်သွန်မြိတ်လေး ဖြူးပြီး စားလို့ ရပါပြီရှင်။