ဟင်း - Curry

ပုဇွန်စိပ်ဟင်း

September 3, 2016

ပုဇွန်စိပ်ဟင်း

Share this on:

ပုဇွန်စိပ်လေးတွေက လတ်ဆတ်တော့ လုပ်ရတာလည်း လွယ်ကူ ၊ ချက်ရလည်း မြန်ဆန် အရသာလေးကလည်း ချဉ်စပ်စပ်လေးမို့ ထမင်းစားမြိန်စေတဲ့ ဟင်းတစ်ခွက်လေးပါ ။

ပါဝင်ပစ္စည်းများ

  • ပုဇွန်စိပ် - ၃၀ ကျပ်သား
  • ကြက်သွန်နီ - ၂ လုံး (ထောင်းထားပါ)
  • ကြက်သွန်ဖြူ - ၁ လုံး (ထောင်းထားပါ)
  • ငရုပ်သီးမှုန့် - အနည်းငယ်
  • မကျည်းသီးမှည့် - အနည်းငယ် ( ရေနွေးစိမ်ထားပါ)
  • ခနောကြက်သားမှုန့် - ၂ ဇွန်း (လဖက်စားဇွန်း)
  • ဆီ - သင့်တော်သလောက်

ပြင်ဆင်ပြုလုပ်နည်း

  1. ပုဇွန်စိပ်များကို ရေဆေး သန့်စင်ပြီး ခေါင်းနှင့် အမြီးပိုင်ကို ဖြတ်ထားပါ ။
  2. ကြက်သွန်နီ နှင့် ကြက်သွန်ဖြူကို ငရုတ်သီးမှုန့်ထည့်၍ ထောင်းထားပါ ။
  3. မီးဖိုးပေါ်တွင် ဒယ်အိုးတင်ရ်ျ ဆီထည့်ပြီး ပူလာပါက ထောင်းထားသော ကြက်သွန်များထည့် ၊ ဆီသတ်ပါ ။
  4. ကြက်သွန် အရောင်နွမ်းလာပါက သန့်စင်ထားသော ပုဇွန်စိပ် နှင့် ခနောကြက်သားမှုန့်ထည့် ၊ အားလုံး သမအောင် ရောမွှေးရျေ် ရေနွေး အနည်းငယ်ထည့်ပြီး အဖုံးအုပ်တည်ထားပါ ။
  5. ရေဆူလာပါက မကျည်းမှည့် အရည်လေးထည့်ပါ ။ အရသာမြည်ပြီး ချ၍ သုံးဆောင်နိုင်ပါသည် ။
  6. ပြီးလျင် အရသာ အပေါ့အငံ မြည်ပြီး မီးဖိုပေါ်မှ ချ၍ သုံးဆောင်နိုင်ပါသည် ။
  7. နံနံပင် ကြိုက်နှစ်သက်ပါက အုပ်၍ သုံးဆော်ငနိုင်ပါသည် ။
My Food Myanmar

Review

User Rating

1.8 (4 Votes)