ပါဝင်ပစ္စည်းများ

  • ပုဇွန်ပေါက်စ ၄၀ သား
  • ကြက်သွန်နီ အကြီး ၁ လုံး
  • ကြက်သွန်ဖြူ အမွှာသေး ၃ ဇွန်း (ထမင်းစားဇွန်း)
  • နနွင်းမှုန့် အနည်းငယ်
  • ငရုတ်သီးခြောက် ခွဲခြမ်း နို့ဆီဗူး တဝက်
  • ဆီ ၄/၅ ဇွန်း (ထမင်းစားဇွန်း)
  • ဆား အနည်းငယ်
  • အချိုမှုန့် အနည်းငယ်

ပြုလုပ်နည်း

  1. ပုဇွန်ပေါက်စများကို သန့်စင်ပြီး ရေစစ်ထားပါ။ ရေစစ်ထားသည့် ပုဇွန်ပေါက်စများကို ဆား နှင့် နနွင်းမှုန့် တို့နှင့် နယ်ထားပါ။
  2. ကြက်သွန်နီ နှင့် ကြက်သွန်ဖြူကို ညက်အောင်ထောင်းထားပါ။ ဒယ်အိုးထဲတွင် ဆီကို ပူအောင် တည်ပြီး ထောင်းထားသော ကြက်သွန်ဖြူ၊ နီများကို ဆီသတ်ပါ။
  3. ကြက်သွန်အရောင် ပြောင်းပြီး အနံ့မွှေးလာလျင် ပုဇွန်ပေါက်စများကို ထည့်၍ ကြော်ပါ။ ပုဇွန်ပေါက်စများ ခြောက်လာပါက မီးဖိုမီး၏ အရှိန်ကို လျော့ပြီး ငရုတ်သီးခြောက် ခွဲခြမ်းကိုထည့်ပြီး သမအောင် မွှေပြီး ခဏကြော်ပါ။
  4. ပြီးလျင် မီးဖို မီးပိတ်ပြီး အချိုမှုန့် အနည်းငယ် ဖြူး၍ အရသာ အပေါ့အငံမြည်း၍ သုံးဆောင်နိုင်ပါပြီ။
  5. ပုဇွန်ပေါက်စ စပ်စပ်ကြော်ကို ချဉ်သော တို့စရာများနှင့် တွဲစားလျင် လိုက်ဖက်ပါသည်။ သရက်သီးစိမ်းရှိလျင် ပို၍ လိုက်ဖက်ပါသည်။

MyFood Myanmar