အခုလို ရာသီမှာ လတ်ဆပ် စုံလင်စွာ ရရှိတဲ့ တို့စရာစုံလေးတွေ နဲ့ အတူတွဲ စားလို့လိုက်မယ့် မစည် ရဲ့ မရမ်းသီး ပုဇွန်ခြောက် ငပိထောင်းလေး ထောင်း စားကြည့်လိုက်နော်။

ပါဝင်ပစ္စည်းများ

မရမ်းသီးးအစိမ်း – ၅ ကျပ်သား (စေ့ထုပ်ပြီး ပါးပါးလေးတွေလှီးထားပါ)

ပုဇွန်ခြောက်မှုန့် – ၂ ဇွန်း စားပွဲဇွန်း

ငရုတ်သီး စိမ်း – ၁၀ ကျပ်သား (အစပ်မျိုး)

စိမ်းစားငပိ – ၂ ဇွန်း ခွဲ စားပွဲဇွန်း (ငပိ ကိုမီး မျင်းနဲ့ ဖုတ်ပါ မွှေးလာသည်ထိပါ)

ဆား – အနည်းငယ်

ငံပြာရည် – ၂ ဇွန်း လက်ဖက်ဇွန်း

ကြက်သားမှုန့် – ၁ ဇွန်း လက်ဖက်ရည်ဇွန်း

ကြက်သွန်ဖြူ – ၂ မွှာ (ပါးပါးလှီးထားပါ)

ကြက်သွန်နီ – ၂ ဥ (ပါးပါးလှီးထားပါ)

ပူစီနံ – ၁ စီး (အရွက်ချွေထားပါ)

ပြုလုပ်နည်း

ငရုတ်သီးများကို ရေစင် အောင်ဆေးပြီး အိုးထဲမှာ အညာမချွေပဲ ငရုတ်သီး ရေမြုတ်ယုံထည့်ပြီးပြုတ်ပါ။ ငရုတ်သီး ပျော့လာရင် ရပါပြီး။ ရေစင် အောင် စစ်ပါ။

စိမ်းစားငပိကို ဖုတ်ရာ မှာ မီးမျှင်မျှင်လေးနဲ့ ဖုတ် ပြီး မတူးပါစေနှင့်၊ အနံမွှေးယုံသက်သက်ပါ။

ပြုတ်ထားသော ငရုတ်သီး နဲ့ မရမ်းသီး များကို အတူ ထောင်း ပေးပါ။ (ကြိတ်စက် နဲ့ ကြိတ်လျှင် ပိုမြန်ပြီး ငရုတ်စေ့ တွေလည်း ညုက်လွယ်ပါတယ်)။

ညက်လာ သော ငရုတ်သီး ကို ကျန်ပစ္စည်းများ ထည့် ပြီး ထောင်းပါ။ ဆား အပေါ့အငန် မြည်းပြီး လျှင် လေလုံ ဗူးထဲမှာ ထည့်ပြီး ရေခဲသေတ္တာထဲမှာ ခဲထားလို့ ရပါတယ်။ လနဲ့ ချီခံပါတယ်။

စားသုံးခါနီးမှ ရေခဲ သေတ္တာထဲကနေ မိနစ် ၃၀ အလိုကြိုထုပ်ထားပါ။ စားမယ့်လောက် ကို ပန်းကန် ထဲ ထည့်ပြီး ကြိုက်နှစ် သက်ရာ ရာသီပေါ် တို့စရာဖြင့် စားသုံးနိုင်ပါသည်။

Credit: Syi Lwin Foods Garden