တနေ့တနေ့ အိမ်မှာ ဟင်းတွေထပ်နေလို့ စိတ်ညစ်နေပြီလား ၊ အခုဟင်းလျာ အသစ်တမျိုး ချက်နည်းလေးတင်ပေးပါ့မယ် ။  ဟင်းကို ထူးထူးဆန်းဆန်း နာမည်မှည့်ထားတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သား – ၁ ခြမ်း
  • ကြက်သွန်နီ – ၂ ဥ
  • ဂျင်းသေးသေး – ၁ တက်
  • ကြက်သွန်ဖြူ – ၃ မွှာ
  • ငရုတ်နီခြောက်တောင့် – ၅ တောင့်
  • မုန်ညင်းစိမ်း – ၁ စည်း
  • မှို – အနည်းငယ်

ပြင်ဆင်ပြုလုပ်နည်း

  1. ကြက်သားကို အတုံးငယ်တုံးပြီး ထောင်းထားတဲ့ ဂျင်း၊ ကြက်သွန်ဖြူ၊ ငရုတ်နီခြောက်တောင့် တို့နဲ့အတူ ဆား၊ ဟင်းခတ်မှုန့်တို့နဲ့ အရသာနယ်ပါ ။
  2. ချက်မည့် အိုးထဲမှာထည့်ပြီး ရေအနည်းငယ်ထည့်ကာ အဖုံးပိတ်ပြီး စတင်အပူပေးပါ။ ကြက်သားတဝတ်ခန့် ကျက်ပြီဆိုရင် ကြက်သွန်နီ ၈ စိတ်ကွဲ၊ မှို၊ မှန်ညင်းစိမ်းတို့ကို ထည့်ပြီး ခေတ္တခဏ အဖုံးပြန်ပိတ်ပါ။ ပွက်ပွက်ဆူပြီဆိုရင် မီးဖိုပေါ်ကချ၊ သံပုရာသီး တခြမ်းလောက် ညှစ်ပြီး အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Credit: ဝင်းနိုင်သိန်း