ပလောင်တောင်ယာဟင်း

Share this on:

အလုပ်ကလည် ပင်ပန်း ၊ ဆီပြန်ဟင်းကလည် မစားချင်တာနဲ့ ပလောင်တောင်ယာဟင်း ပူပူလောလောလေးချက်စားလိုက်တယ် ။   ဟော့ပေါ့နဲ့တောင်မှ လဲမစားနိုင်လောက်အောင် ကောင်းလိုက်တာလို့ကို ပြောရင် မိတ်ဆွေတို့ ယုံပေးပါ ။

palaung hinn 1

ပါဝင်ပစ္စည်းများ

  •  ကြက်သား - အစိတ်သား
  • မှို - တစ်ဆယ်သား
  • မုန်ညင်း - တစ်စည်း
  •  ကြက်သွန်နီ - ၂လုံး
  •  ကြက်သွန်ဖြူ - ၃တက်
  • ဆား - အနည်းငယ်
  • ငြုပ်သီးပုခြောက် - ၅တောင့် (သို့ ) ငရုတ်သီးစိမ်း ၅တောင့်
  • ဂျင်းအသေး - တစ်တက်
  • သံပုရာသီး - တစ်လုံး

ပြုလုပ်နည်း

  1.  ကြက်သားကို ရေစင်အောင် ဆေးပြီး သန့်စင်ထားပါ ။
  2. ကြက်သွန်ဖြူ ၊ ဂျင်း နှင့် ငရုတ်သီးစိမ်းတို့ကို မညက်တညက် ထောင်းထားပါ ။ ပြီးလျှင် ကြက်သားကို ထောင်းထားသော ဂျင်း ၊ ကြက်သွန်ဖြူ ၊ ငရုတ်သီးတို့ နဲ့အတူ ရေနွေးဆူဆူထဲ ထည့်ပြုတ်ပါ ။
  3.  နူးဖို့တဝက်အလိုမှာ ဟင်းရည်ဆူဆူထဲ ဆားအနည်းငယ် ၊ ကြက်သွန်နီ ရှစ်စိတ်ကွဲထည့် ၊  မှို ၊ မုန်ညင်းထည့်ပါ ။ စားခါနီးမှ သံပုရာသီးညှစ်ထည့်ပါ ။ အသီးအရွက်ကိုတော့ ကိုယ်ကြိုက်နှစ်သက်ရာ ထည့် စားနိုင်ပါတယ် ။
Credit: Mim Mim

Review

User Rating

2.5 (2 Votes)