ပလောင်တောင်ယာဟင်း

Share this on:

ပါဝင်ပစ္စည်းများ

  • သဘာဝ ကြက်သား ၁ ခြမ်း
  • ကြက်သွန်နီ ၂ ဥ
  • ဂျင်းသေးသေး ၁ တက်
  • ကြက်သွန်ဖြူ ၃ မွှာ
  • ငရုတ်နီခြောက်တောင့် ၅ တောင့်
  • မုန်ညင်းစိမ်း ၁ စည်း
  • မှို အနည်းငယ်
  • သံပုရာသီး
  • ဆား

ပြုလုပ်နည်း

  1. ကြက်သားကို အတုံးငယ်တုံးပြီး ထောင်းထားတဲ့ ဂျင်း၊ ကြက်သွန်ဖြူ၊ ငရုတ်နီခြောက်တောင့်၊ ဆားတို့ နှင့်အတူ နှံ့အောင်သေသေချာချာ နယ်ပါ။
  2. ချက်မည့် အိုးထဲမှာထည့်ပြီး ရေအနည်းငယ်ထည့်ကာ အဖုံးပိတ်ပြီး စတင်အပူပေးပါ။
  3. ကြက်သားနူးကာနီးတွင် ကြက်သွန်နီ ၈ စိတ်ကွဲ၊ မှို၊ မှန်ညင်းစိမ်း တို့ကိုထည့်ပြီး ခေတ္တခဏ အဖုံးပြန်ပိတ်ပါ။
  4. ပွက်ပွက်ဆူပြီဆိုရင် မီးဖိုပေါ်ကချ၊ သံပုရာသီး တခြမ်းလောက် ညှစ်ပြီး အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။
Credit: Ko Win Naing Thein

Review

User Rating

5 (1 Votes)