ပဲ - Beans | အကြော် - Fried

ပဲကပ်ကြော် မွမွလေး

April 26, 2016

ပဲကပ်ကြော် မွမွလေး

Share this on:

မုန့်ဟင်းခါးနဲ့ စားဖို့ ပဲကပ်ကြော်မွမွလေးပါ ။

ပါဝင်ပစ္စည်းများ

  • ကုလားပဲ
  • ရေ
  • ကောက်ညှင်း - ၂ ဇွန်း
  • ဆန်ကြမ်း - ၄ ဇွန်း
  • ဂျုံမှုန့် - ၂ ဇွန်း (ဟင်းစားဇွန်း)
  • ဆား - သင့်ရုံ
  • ဆော်ဒါ (အနည်းငယ်)

ပြုလုပ်နည်း

  1. ကုလားပဲလေးတွေကို ရေစင်အောင် ဆေးကာ ရေသင့်ရုံ ထည့်၍ ၆ နာရီကျော် နူးလာအောင် စိမ်ထားပေးပါ ။
  2. ရေ အရမ်းများ သွားလျှင် အချိုပေါ့ သွားတတ်လို့ပါ ။
  3. ကောက်ညှင်း၂ ဇွန်း ၊ ဆန်ကြမ်း ၄ ဇွန်း ၊ ဂျုံမှုန့် ၂ ဇွန်း (ဟင်းစားဇွန်း) ၊ ဆားသင့်ရုံ ၊ ဆော်ဒါ (အနည်းငယ်) ဖြင့် ရေ မပျစ် မကျဲလွန်း အနေရအောင် ဖျော်ထား ပေးပြီ ပဲလေးများထည့်ပါ ။
  4. နာရီဝက်လောက် ထားကာ မီးအနေတော်မှာ ကြော်ပါ ။ ချိုချိုမွမွ အရသာ ရှိလှတဲ့ ပဲကပ်ကြော်လေးကို စားလို့ရပါပြီ ။
Credit: Soe's Cooking Collection