ပါဝင်ပစ္စည်းများ

  • ပဲကြီး
  • ထောပတ်ပဲ
  • ဆီ

ပြုလုပ်နည်း

  1. ပဲကြီး၊ ထောပတ်ပဲ နုနုစိမ်းစိမ်းလေးတွေ ရွေးဝယ်ပြီး တစ်ည (သို့) တစ်နေ့ခင်း ရေစိမ်ထားပါ။ ပြီးလျှင် ရေစစ်ပါ။
  2. ဒယ်အိုးထဲတွင် ဆီများများ ထည့်၍ မီးအေးအေးမှာ ရေစစ်ထားသော ပဲများ နည်းနည်းစီ ထည့်ကြော်ပါ။
  3. အကျက်ညီစေရန် မကြာခဏ မွှေပေးပြီး  ၆ မိနစ် ခန့် ကြော်ပေးပါ။ ကြော်ပြီးသား ပဲများကို ဆီစစ်ရျ် အအေးခံပါ။
  4. အေးသွားလျှင် လေလုံတဲ့ ဗူးလေးမှာ သိမ်းထားပါ။
  5. ဆီသန့်သန့် နဲ့ အိမ်မှာ ကြော်တဲ့ ပဲကြော် မွမွလေးတွေ ရပါပြီ။

Credit: Soe Cooking Collection‬