ပါဝင်ပစ္စည်း

  • ပဲဒိုင်နာ
  • မျှစ်ချဉ်
  • ကြက်ရိုးပြုတ်ရည်
  • ဆား

ပြုလုပ်ပုံ

ပထမဦးစွာ မျှစ်ချဉ်ကို ရေတစ်ရေခန့် ပြုတ်ပြီး မျှစ်ချဉ်များ ဆည်ယူထားပါ။

ပြီးလျှင် ပဲဒိုင်နာစေ့ကို ရေအပြည့်ထည့်ကာ ၃ ရေခန့် တည်ပါ။

ပြီးလျှင် ပြုတ်ထားသော မျှစ်ချဉ်များကို လှီးဖြတ်ကာ ပဲပြုတ်ထားသည့်အိုးသို့ ထည့်ပြီး ကြက်ရိုးပြုတ်ရည် ထည့်ကာတည်ပါ။

ဆူလာလျှင် အပေါ့အငံမြည်း၍ အရသာကို လိုသလိုဖြည့်စွက်ပြီး ချလို့ရပါပြီ။

Credit: Pan Pan