ပဲ - Beans | အကြော် - Fried

ပဲမလိုင်ချောင်း ခေါ် ပဲလိပ်ချောင်း သက်သက်လွတ်ကြော်

July 20, 2016

ပဲမလိုင်ချောင်း ခေါ် ပဲလိပ်ချောင်း သက်သက်လွတ်ကြော်

Share this on:

ပဲမလိုင်ချောင်း ခေါ် ပဲလိပ်ချောင်း သက်သက်လွတ်ကြော် ဖြစ်ပါတယ် ။   ပဲလိပ်ဖတ်တွေက စားကောင်းလွန်းလို့    ကြက်သား နဲ့တောင် မလဲနိုင်ပါဘူးနော် ။   Admin ကတော့ ထမင်းနဲ့ စားတာထက် အသားကင် (သို့) သီးသန့် စားတာ ပိုကြိုက်ပါတယ် ။ ကြော်လိုက်ရအောင် ။

ပဲမလိုင်ချောင်း ၁

ပါဝင်ပစ္စည်းများ

  • ပဲလိပ် ၅ ချောင်း
  • ဂေါ်ဖီထုပ် - လေးထောင့်ပုံ ကြီးကြီးလှီးထားပါ။
  • ပဲပြား - ၁ တုံး (ကြော်ပြီး အံစာတုံးပုံ တုံးထားပါ)
  • ဆီ - ၄ ဇွန်း (ထမင်းစားဇွန်း)
  • ကြက်သွန်ဖြူ - ၃ တက် (တပြားရိုက်ထားပါ)
  • ရေနွေး - ၁ လုံး (ကော်ဖီပန်းကန်လုံး)
  • ဟင်းခတ်မှုန့်
  • ဆား
  • Kikomin ပဲငံပြာရည် အကျဲ - ၁ ဇွန်း (စားပွဲတင်ဇွန်း)

ပြုလုပ်နည်း

  1. ပဲလိပ် ၅ ချောင်းကို နှစ်ပိုင်း ချိုးပြီး ရေ ၁ နာရီ ခွဲလောက် စိမ်ထားပါ ။ ရေကြာကြာ စိမ် ဖို့ လိုအပ်ပါတယ် ။
  2. ဂေါ်ဖီထုပ်ကို လေးထောင့် ပုံ ကြီးကြီး လှီး ထားပါ ။ ပဲပြား တစ်တုံးကို ကြော်ပြီး အံစာတုံး ပုံစံ တုံးထား ပါ ။
  3. ဒယ်အိုး ထဲမှာ ဆီ ၄ ဇွန်း (ထမင်းစားဇွန်) ထည့်ကာ ကြက်သွန်ဖြူ ၃ တက် တပြားရိုက် ဆီသတ်ပါ ။
  4. ဆီသတ် ထားတာ မွှေးလာရင် ပဲလိပ်ချောင်း နဲ့ ပဲပြား ထည့်ကြော်ပါ ။
  5. ပြီးလျှင် ရေနွေး ကော်ဖီ ပန်းကန် ၁ လုံး လောက်နဲ့ ဟင်းခတ်မှုန့် ၊ ဆား ထည့်ပြီး အရသာ ၀င်အောင် ပြုလုပ်ပါ ။
  6. ပဲလိပ် အထူအပါး ပေါ်မူတည်ပြီး ရေနွေး ထပ်ထည့် ကြော်ပါ ။ နူးပြီ ဆိုမှ Kikomin ပဲငံပြာရည် အကျဲ ၁ ဇွန်း (စားပွဲတင်ဇွန်း) ထည့် ၊ ဂေါ်ဖီထုပ် ထည့်ပြီး စိမ်းစိမ်း လန်းလန်းလေး စားလို့ ရပါပြီ ။
  7. ပုစွန် ၊ ကြက်သား ၊ ၀က်သား တို့နဲ့ ကြော်စားလည်း ရပါတယ် ။
Credit: Grace’s Tiny Kitchen

Review

User Rating

0 (0 Votes)