ပဲသီးကလေ ခါတိုင်းတော့ ပြုတ်သုပ်တယ် ။  ခုဟာက ပေါင်းပီးသုတ် လိုက်တယ် ။ ပေါင်းပီးသုတ်တာ ပိုပီးလှ ပိုပီး အရသာ ရှိပါတယ် ။

ပါဝင်ပစ္စည်း

  • ပဲသီး
  • ကြက်သွန်နီ နှစ်လုးံ
  • ကြက်သွန်ဖြူ လေးတက်
  • ပုဇွန်ခြောက်တစ်ဇွန်း
  • မြေပဲလှော်
  • ပုဇွန်ငံပြာရည်
  • ဆား
  • အချိုမှုန့်
  • ဆီ
  • မြေပဲကြော်

ပြင်ဆင်ပြုလုပ်နည်း

  1. သုတ်တာကတော့ ကြက်သွန်နီ နှစ်လုးံကြော် ဆယ်ထားပါ ။
  2. ကြက်သွန်ဖြူ လေးတက် ၊ ပုဇွန်ခြောက် တစ်ဇွန်း ထောင်းပြီး ဆီသက်ပါတယ် ။
  3. မြေပဲလှော် ထောင်း ၊ ပုဇွန်ငံပြာရည် ၊ ဆား ၊ အချိုမှုန့် တို့နဲ့ သုတ်ထားပါတယ် ။
  4. မြေပဲကြော်လေး ရှိတာနဲ့ ဘေးက ဖြူးထည့် လိုက်ပါတယ် ။

Credit: Daw Suu Suu