ပါဝင်ပစ္စည်းများ

  • ပဲပြားသီး
  • ငပိ
  • ဆီ
  • ကြက်သွန်ဖြူ
  • ကြက်သွန်နီ
  • ကြက်သွန်နီကြော်
  • ငရုတ်သီးစိမ်း
  • နှမ်းမည်း
  • ပုစွန်ခြောက်မှုန့်
  • မကျည်းနှစ်အနည်းငယ်
  • ငရုတ်သီးခြောက်

ပြင်ဆင်ပြုလုပ်နည်း

  1. ပဲပြားသီးကို ဘေးနားက အကြောလေးတွေ ဖယ်ပေးပါ ။ ပြီးရင် ရေနွေးဖျောပေးလိုက်ပါ။ ကျက်ပြီဆိုရင်တော့ ရေစင်အောင်ညှစ်ပြီး အနေတော်လေးတွေ ဖြတ်ပေးလိုက်ပါ ။
  2. ငရုတ်သီးခြောက်ထောင်းထားတဲ့ အနှစ်ကို ဆီသပ်ပါ။ ငပိနည်းနည်းထည့်ပေးပါ။ သက်သတ်လွတ်ဆိုရင်တော့ ပဲငပိကို သုံးပေးလို့ရပါတယ်။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ ဆီချက်ထားပါ။ ကြက်သွန်နီကို ပါးပါးလှီးထားပါ။ နှမ်းမည်းလေး လှော်ပေးထားပါ။
  3. သုပ်မယ့်ခွက်ထဲ ပဲပြားသီးလေးတွေထည့်၊ ငရုတ်သီးအနှစ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ ဆီကျက်နည်းနည်း၊ ပုစွန်ခြောက်မှုန့်နည်းနည်း နဲ့ လှော်ထားတဲ့ နှမ်းမည်းကို ထည့်ပြီး ရောနယ်ပေးပါ။ အချို အငံ မိမိနှစ်သက်သလို စပ်ပေးပါ။ မကျည်းနှစ်အနည်းငယ်ထည့်ပြီး သုပ်ပေးပါ။ နောက်ဆုံး ကြက်သွန်နီကြော်လေး ဖြူးပေးပါက စားချင့်စဖွယ် အနံ့ အရသာလေးနဲ့ ပဲပြားသီးသုပ်လေးကို ရပါပြီ။

Credit: အစားအစာကမ္ဘာ