ပါဝင်ပစ္စည်းများ

  • ပုစွန် – ၁၀ကောင်
  • ပြည်ကြီးငါး – ၃ကောင်
  • ပဲပြား – ၁တုံး  (လှီးထားပါ)
  • တို့ဟူး – ၁ထုပ် (လှီးထားပါ)
  • ကြက်ဥ – ၁လုံး
  • ငရုတ်နှစ် – ၂ဇွန်း
  • ကြက်သွန်ဖြူ – ၄မွှာ (ဓားပြားရိုက်ထားပါ)
  • ကြက်သွန်နီ – ၁လုံး (လေးစိတ် စိတ်ထားပါ)
  • ငရုတ်သီးစိမ်း – ၃တောင့် (ခြမ်းထားပါ)
  • ပင်အပ်မို – အနည်းငယ် (ရေဆေး ဖြတ်ထားပါ)
  • ငရုတ်ကောင်း – အနည်းငယ်
  • မုန်လာထုပ် ကင်ချီ – အနည်းငယ်
  • ကြက်သွန်မိတ် – ၂ပင် (၁လက်မခန့် ဖြတ်ထားပါ)
  • Zucchini – ၁လုံး (လှီးထားပါ)
  • ဆား – အနည်းငယ်
  • ပဲငံပြာရည်

ပြင်ဆင်ပြုလုပ်နည်း

  1. ပြည်ကြီးငါးကိုရေဆူဆူမှာ၁မိနစ်ခန့်ထားပြီးဆယ်ထားပါ ။ (မပြုတ်လဲရပါတယ်) အိုးထဲသို့ ဆီ အနည်းငယ်ထည့် ကြက်သွန်ဖြူ ငရုတ်သီးနှစ်ထည့်ပါ ။ ပြည်ကြီးငါး၊ ပုစွန်ထည့်မွှေပါ ။ ကြက်သွန်နီ လေးစိတ်စိတ်ထည့်ပါ ။ ကင်ချီထည့်ပါ ၊ ခဏမွှေပြီးလျှင် ရေထည့်ပါ ။ ပဲငံပြာရည်အကြည်၁ဇွန်းခန့်ထည့်ပါ ။ zucchiထည့်ပါ ၊ ပဲပြားတုံးထည့်ပါ ။ ဆားအနည်းငယ်ထည့်ပါ ။ (အချိုမှုန့်သုံးလျှင်ထည့်ပါ။) ရေဆူလျှင် မိုထည့် အဖုံးအုပ်ထားပါ ။ ၅မိနစ်ခန့်ကြာလျှင် တို့ဟူးထည့်ပါ ။ ကြက်သွန်မိတ် ၊ ငရုတ်သီးစိမ်း ၊ ငရုတ်ကောင်းထည့်ပါ ။ အရသာအနေတော်ဖြစ်လျှင် ကြက်ဥဖောက်ထည့်၍ရပါပြီ ။ အစပ်ကြိုက်လျှင် ငရုတ်သီး ပိုထည့်ပါ။

Credit: ချက်ကြည့်ကြစို့