ပဲပြုတ်သုတ်

Share this on:

ပဲပြုတ်ကို လွယ်လွယ်ကူကူ ထမင်းပူပူမှာ ဆီဆမ်း ဆားဖြူး၍ လည်းကောင်း ၊ ထမင်းကြော် အဖြစ် တစ်ဖုံ ၊ နံပြား ၊ အီကြာကွေး ဖြင့်တွဲဖက်ကာ နံက်စာ အဆာပြေ အဖြစ် လူကြီး ၊ လူငယ်မရွေး ၊ လူမျိုး ဘာသာမရွေး ၊ ဆင်းရဲ ချမ်းသာ မရွေး ခုံခုံမင်မင် စားသုံးကြပါတယ် ။  ပဲပြုတ်ထဲတွင် လူသားတို့ ကျန်းမာရေးကို အထောက် အကူ ဖြစ်စေသော ဗီတာမင်နှင့် သတ္တုဓာတ်တို့ အလုံအလောက် ပါရှိပြီး ၊ ဘေးဖြစ်စေတတ်သော ကိုလက် စထရော လုံးဝ မပါရှိသည့် အတွက် နေ့စဉ် စားသုံး ပေးသင့်သော အာဟာရ ဖြစ်ပါသည် ။

ပဲပြုတ်သုတ်

ပါဝင်ပစ္စည်းများ

  • ပဲပြုတ် - ၂၀ ကျပ်သား
  • ကြက်သွန်နီ - ၁ ဥ (ပါးပါးလှီးထားပါ)
  • ငရုတ်သီးစိမ်း အရှည် - ၃ တောင့် (ပါးပါးလှီးထားပါ)
  • မြေပဲဆီစစ်စစ် - အနည်းငယ်
  • ဆား - အနည်းငယ်

ပြုလုပ်နည်း

  1. ဇလုံ တခုထဲတွင် ပဲပြုတ်ကို ထည့်ရ်ျ ကြက်သွန်နီ ၊ ငရုတ်သီးစိမ်း ၊ ဆား ၊ မြေပဲဆီ တို့နှင့် နှံ့စပ်အောင် သုတ်ပါ ။
  2. အရသာ အပေါ့အငံ မြည်းရ်ျ ထမင်းပူပူလေးနှင့် တွဲရ်ျ သုံးဆောင်နိုင်ပါသည် ။
My Food Myanmar

Review

User Rating

0 (0 Votes)