ပါဝင်ပစ္စည်းများ

  • ပဲကြီး ၂၀ သား
  • ကြက်သွန်နီကြော်
  • နနွင်းမှုန့် အနည်းငယ်
  • ဆား အနည်းငယ်
  • ဆီ ၂ကျပ်သားခန့်
  • ရေ
  • ငရုတ်သီးခြောက် အတောင့်ကြော်

ပြုလုပ်နည်း

  1. အိုးထဲတွင် ပဲကြီး၊ နနွင်းမှုန့်၊ ဆီ၊ ဆား နှင့် ရေကို မြုပ်ရုံ ထည့်ပြီး မီးအေးအေးဖြင့် တည်ပါ။
  2. ပဲကြီး နူးအိ၍ ရေခမ်းလျင် အပေါ့အငံမြည်း၍ အရသာ အနေတော် ဖြစ်လျင် မီးဖိုပေါ်မှ ချပါ။
  3. ပန်းကန်ထဲတွင် ပဲကြီးနှပ်ကို ထည့်ပြီး အပေါ်မှ ကြက်သွန်နီကြော်ကို ဖြူး၍ သုံးဆောင်နိုင်ပါပြီ။
  4. ငရုတ်သီးခြောက် အတောင့်ကြော် နှင့်လည်း တွဲဖက်၍ စားနိုင်ပါသည်။
  5. အချိုမှုန့် လုံးဝ မပါပါ။ မိမိ နှစ်သက်က ထည့်နိုင်ပါသည်။

MyFood Myanmar