ပါဝင်ပစ္စည်းများ

  • ပဲကြီး ၂၀ သား
  • ဆူးပုတ် အနည်းငယ်
  • ကြက်သွန်နီ တဝက် (ပါးပါးလှီးထားပါ)
  • နနွင်းမှုန့်
  • ဆား
  • ရေ

ပြုလုပ်နည်း

  1. ပဲကြီး၊ ကြက်သွန်နီ၊ နနွင်းမှုန့်၊ ဆားတို့ကို အိုးထဲတွင်ထည့်၍ ရေကို ဖုံးရုံသာထည့်၍ မီးအေးအေးဖြင့် တည်ပါ။
  2. ပဲကြီး နူးပြီး ပဲများ အနည်းငယ်ကွဲလာသည်အထိ တည်ထားပါ။
  3. ပဲကြီး ဟင်းရည်၏ အရသာ အပေါ့အငံ မြည်း၍ အအနေတော် ဖြစ်လျင် ဆူးပုတ်ရွက်ကို အုပ်ပြီး မီးဖိုမီးကို ပိတ်ပါ။
  4. သုံးဆောင်ရန် အစဉ်သင့် ဖြစ်ပါပြီ။
  5. အချိုမှုန့် လုံးဝ မပါပါ။ မိမိ နှစ်သက်က ထည့်နိုင်ပါသည်။

MyFood Myanmar