ပါဝင်ပစ္စည်းများ

  • ပဲကြီး ၂၀ သား
  • ဆူးပုတ် အနည်းငယ်
  • ကြက်သွန်နီ ၁ လုံး
  • နနွင်းမှုန့်
  • ငရုတ်သီးခြောက်
  • ဆီ
  • ဆား
  • ရေ

ပြုလုပ်နည်း

  1. ပဲကြီး ၊ နနွင်းမှုန့် ၊ ဆားတို့ကို အိုးထဲတွင် ထည့်၍ ရေကို ဖုံးရုံသာ ထည့်၍ မီးအေးအေးဖြင့် တည်ပါ။ ပဲကြီး နူးလျင် မီးဖိုပေါ်မှ ချထားပါ။
  2. ဆူးပုတ်ရွက်ကို ရေနွေးပူပူထဲ ထည်၍ ရေနွေးဖျောပါ။
  3. ကြက်သွန်နီ ၁ လုံးကို ပါးပါးလှီး၍ ရေစိမ်ထားပါ။ သုတ်ခါနီးမှ ရေညှစ်ပါ။ ငရုတ်သီးခြောက်ကို ဆီနဲနဲ နှင့် ကြော်ထားပါ။
  4. ပန်းကန်ထဲတွင် ပြုတ်ထားသည့် ပဲကြီး၊ ကြက်သွန်နီ၊ ဆူးပုတ်တို့ကို ဆီစိမ်းနှင့် နှံ့စပ်အောင် သုတ်ပြီး ကြော်ထားသည့် ငရုတ်သီးခြောက်ကြော်ကို ဖြူး၍ သုံးဆောင်နိုင်ပါသည်။
  5. အချိုမှုန့် လုံးဝ မပါပါ။ မိမိ နှစ်သက်က ထည့်နိုင်ပါသည်။

MyFood Myanmar