ပဲပြား - Bean Curd

ပဲပြား အစာသွပ်

April 26, 2016

ပဲပြား အစာသွပ်

Share this on:

ပါဝင်ပစ္စည်းများ

  • ပဲပြား
  • ဂေါ်ဖီထုပ်
  • ရှောက်ရွက်
  • သံပုရာသီး(သို့ )ရှောက်သီး
  • ငရုတ်သီးစိမ်း
  • ပုစွန်ခြောက်မှုန့် 
  • ကြက်သွန်ဖြူကြော်
  • ငါးငံပြာရည်(သို့ ) ဆား

ပြုလုပ်နည်း

  1. ပဲပြားတွေကို အလယ်ကနေ တြိဂံပုံ အရင်လှီးပါ ။   ရလာတဲ့ တြိဂံပုံ အတုံးကို အလယ်ကနေ နှစ်ခု ဖြစ်အောင် လှီးပါ ။ (ပဲပြားတတုံးကို တြိဂံပုံ ၄တုံး ရပါတယ်) ပြီးလျှင် အပေါက်ပါတဲ့ ဇကာထဲ ထည့်ပြီး ၃နာရီလောက် ရေစစ် ထားပါ ။
  2. ဒယ်အိုးထဲ ဆီများများ ထည့်ပြီး ပဲပြားတွေကို ထည့်ကြော်ပါ ။   အပေါ်ခွံ တဖက်ကျက်မှ နောက်တဖက် ပြောင်းပါ ။ ပြီးလျှင် ဆယ်ယူပြီး ဆီစစ်ထားပါ ။
  3. ကြက်သွန်ဖြူ အမွှာသေးတွေကို ကြော် အဖတ်ချည်းပဲ ဆယ်ယူပြီး ဆီစစ်ထားပါ ။   ဂေါ်ဖီထုပ်နှင့် ရှောက်ရွက်ကို အပါးဆုံး လှီးပါ ။   ငရုတ်သီးစိမ်းကို ညှပ်ထားပါ ။   သံပုရာသီး (သို့ ) ရှောက်သီးကို အမွှာလေးတွေ ဖြစ်အောင် လုပ်ထားပါ ။
  4. ပဲပြားကြော်ကို အလယ်ကနေ ကတ်ကျေးနှင့် ညှပ်လိုက်လျှင် အိတ်ပုံလေး ဖြစ်သွားပြီ အစာ စသိပ်လို့ ရပါပြီ ။
  5. အဲဒီ ပဲပြားကြော် အိတ်ထဲကို ပုစွန်ခြောက်မှုန့် ၊ သံပုရာသီးအမွှာ ၊ ဂေါ်ဖီ၊ရှောက်ရွက် ၊ ငရုတ်သီးစိမ်း ၊ ကြက်သွန်ဖြူ ကြော်တို့  ထည့်ပြီး မြည်းကြည့် ပါ။
  6. တကယ်လို့ အငန်ပေါ့နေတယ်ဆို နောက်တခုမှာ ငါးငံပြာရည်(သို့ ) ဆား ထည့်ပါ။
** ငါးဖယ်ကို ကြော်ပြီး ဒီအတိုင်း အစာသိပ်ရင်လည်း စားမလောက်ပါပဲ။

Credit: KaeKae's FoodPalace

Review

User Rating

0 (0 Votes)