ရေဟာ လူတိုင်းအတွက် ကောင်းမွန်တယ်ဆိုတာ အားလုံးသိကြပါတယ်။ ရေသောက်ခြင်းကို ရပ်တန့်လိုက်ရတယ်လို့ မကြားဖူးပါဘူး။ ဒီထက်ပိုပြီး လူတွေဟာ ကျန်းမာဖို့ နည်းလမ်းတွေ စားသောက်ဖွယ်ရာတွေကို ရှာဖွေ သုံးဆောင်လာကြပါတယ်။ ရေထဲကို ဘာတွေ ထပ်ထည့်ပြီး သောက်ရင် ပိုပြီး ကျန်းမာနိုင်ပါသလဲ။

အရသာရှိပြီး ကျန်းမာစေမယ့် နည်းလမ်းဟာ ပျားရည်ပါ။ ပျားရည်ဟာ ချိုပေမယ့် ဆိုးကျိုးဖြစ်စေမယ့် အရာမဟုတ်လို့ ပိုပြီး ကောင်းမွန်စေပါတယ်။

ဘယ်လို သောက်မလဲ? မနက် အိပ်ယာနိုးချိန်မှာ ရေခပ်နွေးနွေးထဲကို ပျားရည် လက်ဖက်ရည်တစ်ဇွန်းထည့်၊ သံပုရာ (သို့)လီမွန်ကို တစ်ခြမ်းထည့်ပြီး နေ့တိုင်း  သောက်ပေးရပါမယ်။ တစ်ပတ်လောက် သောက်လိုက်ရင်ပဲ ဘာတွေ သိသာလာမလဲဆိုရင်တော့

လေအတွက် ကောင်းမွန်

လီမွန်ပျားရည်ဟာ လေကို ကြေစေပြီး ကိုယ်ခန္ဓာကို ပေါ့ပါးစေလာပါတယ်။

အစာကြေစနစ်ကို ကောင်းမွန်

မနက်ခင်းမှာ သောက်ပေးလိုက်တဲ့ လီမွန်ပျားရည် မတ်ခွက် တစ်ခွက်စာဟာ တစ်နေလုံး စားတဲ့ အစားအစာတွေကို ကောင်းမွန်စွာ ချေဖျက်ဖို့ အကူအညီပေးပါတယ်။ အစာမကြေတာ ရင်တောင့်တာတွေကို မဖြစ်စေတော့ပါဘူး။

ကိုယ်ထဲက အဆိပ်တွေကို လျှော့ကျစေနိုင်

လီမွန်ပျားရည်ဟာ ကိုယ်ထဲက အဆိပ်တွေကို ထုတ်ပေးနိုင်တဲ့ detox အမျိုးအစား တစ်ခုဖြစ်ပါတယ်။ ဆီးကို ရွှင်စေတဲ့ အတွက် အဆိပ်တွေကို ဆီးကနေ တဆင့် ထုတ်ပေးနိုင်ပါတယ်။

ကိုယ်အလေးချိန်ကို လျှော့ချပေးနိုင်

ဝိတ်ထိန်းနေသူတွေ အတွက်ဆိုရင်တော့ လီမွန်ပျားရည်ဟာ အကောင်းဆုံး အဖော်ပါပဲ။ မကောင်းတဲ့ အဆီတွေကို ဖယ်ရှားပေးဖို့ တာဝန်ယူထားပါတယ်။ ပိုပြီး သိသာစေချင်ရင်တော့ ဆီနဲ့ အချိုကို လျှော့စားပေးပါ။ သိသိသာသာ ကိုယ်ရေစစ်လာတာ တွေ့ရပါလိမ့်မယ်။

လည်ချောင်းနာခြင်းကို ကာကွယ်နိုင်

ရာသီဥတုကြောင့် ဖြစ်တတ်တဲ့ လည်ချောင်းနာခြင်းကို လီမွန်ပျားရည်ဟာ ကာကွယ်ထားနိုင်ပါတယ်။ အအေးမိခြင်းနဲ့ ချောင်းဆိုးခြင်းကိုပါ တားဆီးပေးထားတာပါ။ ကိုယ်ခံအား မြင့်တက်လာတာကြောင့် တော်ရုံဖျားနာမှုတွေကို တော်လှန်နိုင်ပါတယ်။

သွေးတိုးရောဂါကို ကာကွယ်နိုင်

သွေးတွင်း သကြားဓာတ်ကို ထိန်းပေးထားနိုင်ပြီး ကိုလက်စထရောကိုပါ နိမ့်ကျစေတဲ့ အတွက် သွေးတိုးခြင်းကို ကာကွယ်နိုင်ပါတယ်။

နှလုံးရောဂါရဲ့ ဆိုးကျိုးကို ကာကွယ်နိုင်

နှလုံးကျန်းမာရေးကို ကာကွယ်ပြီးသား ဖြစ်စေမယ်ဆိုရင်တော့ လီမွန်ပျားရည်ကို နေ့တိုင်း သောက်ပေးသင့်ပါတယ်။ လူရဲ့ ကိုယ်ထဲက မကောင်းတဲ့ ကိုလက်စထရော ရဲ့ အကျိုးဆက်ကို လီမွန်ပျားရည်က ကာကွယ်ပေးထားတာပါ။

အသားအရေကို ကြည်လင်လာစေနိုင်

လီမွန်ပျားရည်ကို နေ့တိုင်း သောက်ပေးတဲ့ အကျိုးတစ်ခုကတော့ အသားအရေကို ကြည်လင်လာစေနိုင်ပါတယ်။ သွေးသားကို သန့်စင်သွားစေတဲ့ အတွက် ဝက်ခြံတွေကို သက်သာစေပြီး အသားအရေ ချောမွေ့လာစေပါတယ်။

ကဲ အဖိုးနည်းပြီး အကျိုးများမယ့် လီမွန်ပျားရည်ကို ဒီနေ့က စပြီး သောက်လိုက်ကြရအောင်

Credit:lifehack